Featured post

Full of love


ကျွန်မ ဒီနေ့ အတော်ပျော်ရွှင်နေပါတယ်။ ဘာလို့လဲဆို မနေ့က Volunteerလုပ်ပေးတဲ့ အဖွဲ့က လုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားတွေ့ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ Coworkersနဲ့ တွေ့ရတာ ဒီလောက်တောင် ပျော်ရလားဆို. . . ပျော်ပါတယ်လို့ပဲ ပြောပါရစေ။ သူတို့က ရိုးရိုးသာမာန် coworkersတွေ မဟုတ်ပါဘူး။ အထူးလုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပါတယ်။🤣🤣


ဒီလို ဒီလို မနေ့က ဆုံကြတဲ့ လူ၅ယောက်မှာ (ကျွန်မအပါအဝင်) ၃ယောက်က စိတ်ပညာမေဂျာက ဖြစ်ပါတယ်။ စီနီယာ အစ်ကိုတစ်ယောက်ရယ် ကျွန်မရယ် ကျွန်မအောက် တစ်နှစ်ငယ်တဲ့ ဂျူနီယာညီမတစ်ယောက် ဖြစ်ပါတယ်။ ကျန်တဲ့ ညီမတစ်ယောက်နဲ့ ကျွန်မ ဂျူနီယာနဲ့က minorတူတဲ့ သူငယ်ချင်းတွေပါ။ နောက် ကျန်တဲ့တစ်ယောက်နဲ့ ကျွန်မ စီနီယာနဲ့ကတော့ အင်္ဂလိပ်ဘာသာပြန်workshopမှာ တွေ့ကြတာ ဖြစ်ပါတယ်တဲ့။ ဆိုတော့. . . ကျွန်မတို့က တစ်ယောက်ချင်းစီကို သေချာ မသိရင်တောင် ပတ်ဝန်းကျင် တစ်ခုတည်း (ရန်ကုန်တက္ကသိုလ်) က လာကြတာဆိုတော့ ချက်ချင်းဆိုသလို အရမ်းခင်သွားကြပါတယ်။ 


အဲလိုနဲ့ စိတ်ပညာမျှဝေတဲ့ အဖွဲ့တစ်ခုလုပ်ပြီး အဲဒီမှာ အလုပ်တူတူလုပ်ကြပါတယ်။ အရင်ကတည်းက သိလာကြသူတွေဆိုတော့ တချို့အလုပ်တွေမှာလို ကြီးဖားငယ်နိုင်တွေ မရှိပါဘူး။ ဒီတော့ အလုပ်လုပ်ရတာ တော်တော်ကို ပေါ့ပေါ့ပါးပါး ရှိပါတယ်။ အဲ. . တစ်နေ့လည်းကျရော အခြားအဖွဲ့တစ်ခုနဲ့ ပူးပေါင်းလို့ World Social Work Dayကို ကျင်းပဖို့ ဖြစ်လာတယ်ဆိုပါစို့။ 


အဲဒီမှာ ဒုက္ခစတွေ့တာပဲ။ အရမ်းသက်တောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်လာတော့ နည်းနည်းမြန်မာ့ရိုးရာဆန်ဆန် (ဒီလိုပြောရတာ အားတောင့်အားနာတော့ ဖြစ်မိပါတယ်။ ဒါပေမဲ့ သူတို့က တကယ်ကိုပဲ မြန်မာဆန်ပါတယ်) အလုပ်ခွင်ကို ရောက်တဲ့အခါ ကျွန်မ အမှားအကြီးကြီးလုပ်မိပြီး ခွေးလိုပြန်ဟောင်မိသွားပါတယ်။ ကျွန်မအစား တောင်းပန်လိုက်ရတာကတော့ ညီမလေးတစ်ယောက်ပေါ့။ အရင်တစ်ပတ်လုံးလုံး အဲဒီ့အကြောင်းကို တွေးပြီး တနုံ့နုံ့နဲ့ ခံစားလို့ မပြီးနိုင်ဖြစ်နေပါတယ်။ ကောင်းကောင်းလည်း မအိပ်နိုင်၊ စားလည်း မစားနိုင်၊ အလုပ်လုပ်တော့လည်း တမှိုင်မှိုင်နဲ့ ‌ဖြစ်နေပါတယ်။ အကုန်လုံး အစကနေ ပြန်ဖြစ်သွားသလိုပါပဲ။


ပွဲပြီးသွားတဲ့ တနင်္ဂနွေနေ့ကျတော့ ကျွန်မတို့တတွေ တွေ့ကြပါတယ်။ တွေ့ပြီး စကားပြောလိုက် ရယ်လိုက် ဓာတ်ပုံရိုက်လိုက် (ကျွန်မ ဒီmeet upကို သွားဖို့ အဓိက motivationပါပဲ🤣) ပြီးတော့ သီချင်းနားထောင်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ 


အဲဒီနေ့က ပြုံးလိုက်တဲ့ အပြုံးတွေက နောက်နေ့တွေရောက်တဲ့အထိတောင် မျက်နှာက မပျောက်သေးပါဘူး။ ဒီအချစ်တွေနဲ့ အပျော်တွေက တစ်ပတ်စာရှေ့ဆက်ဖို့တော့ လုံလောက်သွားပြီ ထင်ပါရဲ့။ 





Comments