Featured post
- Get link
- X
- Other Apps
ဒီနေ့ စာရေးနည်းသင်တန်းမှာ kamikazeကို သူများတွေ ဝေဖန်နိုင်ဖို့ ထုတ်ပြမိပါတယ်။ အဲဒီမှာ တစ်ယောက်က ပြောရော။ နာမည်ပြောင်းသင့်တယ်တဲ့။ ဘာလို့လဲဆို kamikazeဆိုတာ ရုတ်တရက် ဘယ်ကထွက်လာမှန်းမသိ ထွက်လာတဲ့ ဂျပန်တိုက်လေယာဉ်တွေကို ပြောတာတဲ့ (ကျွန်မ သိပါတယ်) ဒီဇာတ်လမ်းမှာက အဲဒီ့ senseမရှိလို့ ခေါင်းစဉ်ပြောင်းရမတဲ့။
အဲဒါနဲ့ ကျွန်မက "ဒါဆိုလည်း ဇာတ်လမ်းကို ခေါင်းစဉ်နဲ့လိုက်အောင် ပြောင်းလိုက်ရုံပေါ့"လို့ ပြန်ပြောပါတယ်။ သူက အင်မတန်အံ့ဩပြီး ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။ ပြီးတော့ "အယ် မဟုတ်ဘူးလေ. . ကျွန်မတော့ စာရေးပြီးတော့မှ ခေါင်းစဉ်ကို စဉ်းစားတာပဲ" ဆိုပြီး လေပြေလေးနဲ့ပြောပါတယ်။ ကျွန်မကလည်း "အဲဒီ့ခေါင်းစဉ်ကို ကြိုက်လို့"ဆိုပြီး မျက်နှာပြောင်ပြောင် (poker face)နဲ့ တင်းခံနေပါတယ်။ (🤣🤣)
ကျွန်မက တကယ်ကို ဒီခေါင်းစဉ်ကို ကြိုက်ပါတယ်။ သူ့အသံက မိုက်တယ်။ သိပ်တော့ မဆိုင်ဘူးဆိုပေမဲ့ (ဘာမှကို မဆိုင်တာပါ🙂) အခုတလော hikoutei သီချင်းကို အရမ်းသဘောတွေ့နေပါတယ်။ အဲဒီမှာ 'လေ' ပါတယ်၊ ကောင်းကင်ပါတယ်၊ အိပ်မက်တွေပါတယ်၊ ပြီးတော့ အားတွေ မာန်တွေ ပါပါတယ်။ ဒါက တိုက်လေယာဉ်နဲ့ မတူဘူးလား. . ပြီးတော့ စံပြသမီးလိမ္မာ Akariထဲမှာ တစ်သက်လုံး ပုန်းအောင်းပိတ်လှောင်ခြင်းခံထားရတဲ့ နာကျည်းချက်တွေ ဒါတွေက မထင်မှတ်တဲ့ နေ့မှာ ထွက်ပေါ်လာတာက တိမ်တွေကြားထဲက ဘွားခနဲ ထွက်လာတဲ့ တိုက်လေယာဉ်နဲ့ မတူဘူးလား. . .
Well. . မတူဘူးဆိုလည်း နာမည်ပြောင်းရတော့မယ် ထင်ပါရဲ့။ ဟို အစ်မပြောတာတစ်ခုကိုလည်း စဉ်းစားမိပါတယ်။ Akariက သူပါသေရမှ ဖြစ်မှာလားပေါ့၊ ဒီအိမ်ကြီးကို ဖျက်ဆီးခဲ့ပြီး သူက ထွက်မြောက်သွားတာရော မဖြစ်နိုင်ဘူးလားပေါ့. . .
Hmm. 🤔🤔
တကယ့်အပြင်က Akariကတော့ သေမှ ဒီသံသရာဆိုးကြီးကနေ လွတ်မြောက်နိုင်မဲ့သဘောမှာ ရှိပါတယ်။ at least ဇာတ်လမ်းထဲမှာတော့ သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်သင့်ပါရဲ့နော်. .
ခေါင်းစဉ်အသစ်က Find me in the wonderland ဖြစ်ပါတယ်။ Wowwww 😱😱
Comments
Post a Comment