Featured post
- Get link
- X
- Other Apps
ဒီပုံကတော့ ဒီblogရဲ့ ဖတ်ရှုနှုန်းတွေ ဖြစ်ပါတယ်။ ကျွန်မတစ်ယောက်တည်း စိတ်ထင်တဲ့အချိန်မှ ကောက်ရေးပြီး ခြောက်သာကပ်နေတာ ဒီလိုကြည့်တော့ နေ့တိုင်းလိုလို ဖတ်တဲ့သူက ၁ယောက် ၂ယောက်လောက်တော့ ရှိနေသတဲ့။
ခါတိုင်းဆို ကျွန်မblogကို ဝင်တဲ့သူ အတော်များများက Facebookကနေ ကျွန်မ ညွှန်ထားတဲ့ linkကနေ ဝင်လာကြတာ ဖြစ်ပါတယ်။ အခုတော့ အဲဒါဖြုတ်လိုက်တာတောင် ဝင်ကြည့်နေတဲ့သူရှိသေးတော့ အံ့ဩရပါတယ်။
တစ်ဆက်တည်းလည်း ဒီလိုတွေးမိပြန်ပါတယ်။ "အမလေး ဘုရား ဘုရား။ ပေါက်ကရတွေ လျှောက်ရေးလို့ မဖြစ်သေးပါလား🥲🥲" တစ်ခါတလေလည်း ဒီလိုတွေးမိပြန်ပါတယ်။ "အမလေး ဒီလောက် လူတွေဝင်နေတာ paypal အကောင့်လေးထားပြီး စေတနာရှိသလောက် ပေးပါဆိုပြီး သဒ္ဓါကြေးကောက်ရင် ကောင်းမလား"ပေါ့။ တော်ကြာ အကောင့်ကို ဟက်သွားလို့ မရှိမဲ့ရှိမဲ့ကလေး ပါသွားမှာလည်း စိုးရပါသေးတယ်။ ဒါကြောင့် လက်ပိုက်ပြီးသာ ကြည့်နေရပါတယ်😶(တကယ်ပြောတာ ဒီကနေ ပိုက်ဆံဝင်ရင်တော့ တကယ်ကောင်းမှာပဲ။ ဒါဆိုရင်တော့ ရိုးရိုးoatmealကနေ rolled oatအဆင့်လောက်တော့ စားနိုင်သွားမှာ ဖြစ်ပါတယ်)
သူတို့ကလည်း ဝင်သာဖတ်ကြတာ commentလည်း မပေးကြတော့ နည်းနည်းတောင် သံသယရှိလာပါတယ်။ ဒီဂူဂဲက ငါ့များ လိမ်နေသလားပေါ့။ အဲဒါကြောင့်လေ သူလိမ်လား မလိမ်လား သိရအောင် ဒီpostကို ဝင်ဖတ်တဲ့သူတွေက အောက်မှာ တစ်ခုခုရေးခဲ့ကြပါလားဟင်။ ဪ. . ကျွန်မကို အပြင်မှာ သိတဲ့သူတွေက kလို့ ရေးသွားပြီး မသိတဲ့သူတွေက uလို့ ရေးသွားကြပါလို့😁😁
- Get link
- X
- Other Apps
Comments
Post a Comment