Featured post
- Get link
- X
- Other Apps
၃/၁/၂၃
ဂုဏ်ယူပါတယ်။ အချိန် တစ်နာရီခွဲခန့်ကို အောင်မြင်စွာ ဖြုန်းတီးပြီးပါပြီ။ 👏👏👏👏
နှစ်သစ်ကူးပြီးနောက်မှာ ကျွန်မ ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ အထိန်းအကွပ်မဲ့နေတာ ဖြစ်ပါတယ်။ အချိန်ပြည့်အလုပ်ကလည်း အလုပ်ချိန် တအားများလွန်းတာကြောင့် ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အချိန်ပိုင်းလုပ်နေတဲ့ တက္ကသိုလ်ကလည်း ဆောင်းရာသီကျောင်းပိတ်ထားတော့ ကျွန်မအတွက် အားလပ်ရက် ရနေပါတယ်။ ဒီအားလပ်ရက်မှာ အရင်က မလုပ်ခဲ့ရတဲ့ ချည်ထိုးတာတို့၊ portfolioတို့မှာ updateတင်တာတို့၊ Anne of the Green Gables ပြီးအောင် ဖတ်မှာတို့ လုပ်မယ်ဆိုပြီး အားခဲမျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်လည်းကျရော စပျစ်သီးဖျော်ရည်သောက်လိုက်၊ မြေပဲစားလိုက်၊ The Last Kingdomကြည့်လိုက်၊ အဲ.. အဲလိုတွေ လုပ်နေပါတယ်။ (ကျွန်မအမေ ပြောနေကျလိုဆို "အမြီးမြှောက်လိုက် အီးပေါက်လိုက်"ပေါ့)
အခုတော့ ကိုယ့်ကိုယ်ကိုယ် တရားချဖို့ ဒီမှာ စာလာရေးပါတယ်။
အလုပ်က မရှိတာတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဥပမာ - ကျွန်မ အပ်ထားတဲ့ self-paced သင်တန်းကစာတွေ လုပ်ရမှာတွေ၊ အပေါ်က လုပ်မယ်စဉ်းစားထားတဲ့ ချည်ထိုးတာတို့၊ စာအုပ်ဖတ်တာတို့၊ (ကျွန်မကြွေးကြော်ထားတဲ့ ထုတ်မဲ့စာအုပ်အတွက် စာရေးတာတို့) လုပ်လို့ ရပါတယ်။ ဒါပေမဲ့ အကုန်လုံးက ကိုယ့်ဆုံးဖြတ်ချက်အပေါ် မူတည်နေတာဆိုတော့ (သင်တန်းက စာတွေက လုပ်ရမှာသာပြောတာ assignment ထပ်ရမဲ့ deadlineနီးမှ ထလုပ်လည်း ရတယ်လေ အဟိ) ဒီအချိန်လေးမှ မနားရင်၊ ဒီအချိန်မှ ရုပ်ရှင်မကြည့်ရင် ဘယ်အချိန်ကြည့်ရပါ့မလဲ ဆိုပြီး အတိုးချပြီး ကြိုတင် အပျင်းတစ်နေပါတယ်။
ဒီစာကိုတောင် ရေးထားပြီး တန်းလန်း တန်းလန်းနဲ့ ထားထားလို့ တစ်ပတ်လောက်နေမှ publishလုပ်ဖြစ်တာကိုသာ ကြည့်ပါတော့
- Get link
- X
- Other Apps
Comments
Post a Comment