Featured post

Anonymity

Hiiii. ကတ်သရင်းတစ်ယောက် blogမရေးတာ အတော်ကြာပါပြီ။ အလုပ်ရှုပ်လို့လားဆို အဲလောက်လည်း မရှုပ်ပါဘူး။ ၁နာရီလောက်အချိန်ပေးပြီး စာရေးဖို့တော့ ရပါတယ်။ 

ဒါဆို ရေးစရာ အကြောင်းအရာ မရှိလို့လား။ နိုး.. ထမင်းစားလည်း ဘာရေးမယ်ဆိုပြီး ခေါင်းထဲမှာ စာစီ၊ ရုပ်ရှင်ကြည့်ပြီးလည်း ဘာရေးမလဲ စဉ်းစားမိ၊ စာဖတ်ပြီးလည်း ဇာတ်လမ်းတွေ ပေါ်လာ.. တစ်ချိန်လုံး ဒီအကြောင်းပဲ တွေးမိနေပါတယ်။

ဒါဆို ဘာလို့ မရေးသလဲဆိုတော့.. (ရှက်လို့😶‍🌫️🫣)

တကယ်ပြောတာပါ။ 

ကျွန်မ အရင်ကဆို တွေ့သမျှလူကို ဒီwebsiteလိပ်စာပေးပါတယ်။ လာဖတ်ပါလားပေါ့။ အဲလိုနဲ့ ကျွန်မ အလုပ်လုပ်နေတဲ့ ကျောင်းက ကျောင်းသားတစ်ယောက်ကို ပေးမိရော။ ပြီးတော့ ဟိုပျော်ပျော်နေသေခဲကို ရေးရော။ အဲဒီ့အထိက ပြဿနာမရှိသေးပါဘူး။ ဘာလို့လဲဆို ကျွန်မရဲ့ ရွှေငါးမှတ်ဉာဏ်က သူ့ကို လိပ်စာပေးထားတာ မေ့နေလို့ပဲ ဖြစ်ပါတယ် (ကိုယ်တော်ချောကိုလည်း တကယ်လာဖတ်မယ် မထင်ဘူးလေ🥹)။ 

အဲ... တစ်နေ့ကျတော့ သူက အဲဒီ့စာထဲကအကြောင်း လာမေးပါလေရော။ ပြီးတော့ပြောသေးတယ် အဲဒီ့အကြောင်းဟာ သူ့ခေါင်းထဲက မထွက်နိုင်ဖြစ်နေသတဲ့။ 

well... သူကတော့ ကျွန်မကို လာပြောပြီး ခေါင်းထဲက ထွက်သွားလား မထွက်သွားလား မသိပေမဲ့ ကျွန်မခေါင်းထဲက မထွက်နိုင် ဖြစ်သွားရပါတယ်။ "အမလေး ဘယ်လိုလုပ်မလဲ နောက်နေ့ ကျောင်းမှာ သူ့ကို ဘယ်လိုမျက်နှာနဲ့ ကြည့်ရပါ့" ပေါ့။ 🫣

ဒါပေမဲ့လည်း မျက်နှာပြောင်တဲ့ပိုးက မွေးကတည်းက ပါလာတော့ မျက်နှာပြောင်ပြောင်နဲ့ မသိချင်ယောင်ဆောင်ပြီး ဆက်နေရတာပါပဲ။ 🙂

တစ်ဆက်တည်းမှာပဲ ကျွန်မကို သိတဲ့သူတွေက ဒီblogကို ဖတ်ရင်း ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာလည်း တွေးမိပြန်ပါတယ်။ 


အမလေး ဒုက္ခ😬😬

အရင်ကတော့ statsကို သွားသွားကြည့်ပြီး လူဘယ်လောက်လာဖတ်တယ်ဆိုတာ သွားသွားရေကြည့်လေ့ရှိပါတယ်။ ပြီးတော့ လူတွေ ဘယ်လိုအကြောင်းကို စိတ်ဝင်စားမလဲစဉ်းစားပြီး ရေးဖို့ ကြိုးစားပါတယ်။ အခုတော့ လူလာမဖတ်တာကိုပဲ လိုချင်သလို ဖြစ်နေပါတယ်။ တကယ်လို့ လာဖတ်တဲ့သူတွေကလည်း အမှတ်တမဲ့ရှာဖွေတွေ့သွားတာဖြစ်ပြီး ကျွန်မဘယ်သူလဲဆိုတာ မသိဘဲ ဒီလိုသာမန် စိတ်ညစ်ရင် စာရေးတဲ့သူအဖြစ်နဲ့ပဲ သိနေစေချင်ပါတော့တယ်။

Comments