Featured post

Happy Birthday To Me!

 

နိုဝင်ဘာ ၂၄ရဲ့ မနက်ခင်းတစ်ခုမှာ လင်းလင်းကျင်းကျင်း ကျယ်ကျယ်ဝယ်ဝယ်ရှိတဲ့ တိုက်ခန်းတစ်ခုမှာ ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးတစ်ယောက် သီချင်းဖွင့်ပြီး ကနေပါတယ်။ သူကနေတာက ပုံစံလည်း မကျပါဘူး၊ ကြည့်လို့လည်း မကောင်းပါဘူး၊ ဒါပေမဲ့ သူအရမ်းလွတ်လပ်ပေါ့ပါးနေတာကိုတော့ မြင်နိုင်ပါတယ်။ 


ဘာလို့လဲဆို ဒီနေ့က သူ့မွေးနေ့ပါ။ သူ အပျော်ကြီး ပျော်နေပါတယ်။ သေချာလေးလုပ်လို့ အရွေးခံရရင် ၆လလောက် ထိုင်မျှဉ်းနေလို့ရမဲ့ အလုပ်သင်တစ်ခုလည်း ရထားပါတယ်။ အဲဒါကို အကြောင်းပြုလို့ အမေ့အိမ်ကနေ ထွက်ပြီး ဦးလေးအိမ်မှာ နေနေပါတယ်။ ဒီမှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဘွားကြီးအော်သံတွေက ကင်းဝေးလို့ တစ်မျိုးကောင်းပါတယ်။ 


နေလယ်ကျတော့ သူအလုပ်လုပ်ပေးနေတဲ့ ကျောင်းက ကလေးတွေက (ကလေးတွေသာ ပြောတယ် အလွန်ဆုံး သူ့ထက်ငယ်လှ ၅နှစ်ပါ) "Happy Birthday🎉🎉" "You're so caring and kind🥰🥰"လို့ အပြောခံရတော့ အလွန်ပျော်နေပါတယ်။ ရှင်တို့ပဲ စဉ်းစားကြည့် အဲလိုသာ အပြောခံရရင် မပျော်တဲ့သူ ရှိမလား။ (ဪ.. ပြီးတော့ ဒါက သူ့တာဝန်ကျေတယ်လို့ သတ်မှတ်တဲ့အတွက် နောက်လည်း ဒီအလုပ်ဆက်ရနိုင်ချေပိုများလာလို့လည်း ပါပါတယ်)


နောက် ညနေကျတော့ သူ့ရဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ သွားတွေ့ပါတယ်။ အခု လုပ်နေတဲ့အလုပ်အကြောင်း ပြောပြတော့ သူတို့တွေက "ဟာ အဲဒါ နင်သွားမယ်နော်" "ခြေချုပ်မိနေမှာ။ နင့်အရည်အချင်းနဲ့ လုံးဝမတန်ဘူး"တွေ ပြောလွှတ်လိုက်လို့ အင်မတန် စိတ်ဓာတ်ကျပြီး အသည်းအသန် ငိုရပြန်ပါသေးတယ်။ (ဘာလို့လဲဆို သူက ခြေချုပ်အမိခံပြီး မှိန်းနေဖို့ စိတ်ကူးထားတာကိုး😐) ဒါပေမဲ့လည်း နောက်နေ့မနက်ကျတော့ ပြန်ကောင်းသွားတာပဲ။ ကိုယ့်အကြောင်းကို ကိုယ်ကလွဲပြီး ဘယ်သူမှမသိဘူးလေ။ (ဒါမှမဟုတ် နောက်မှ သေချာစဉ်းစားမယ်လို့ တွေးလိုက်တာလည်း ပါမှာပေါ့)

လောလောဆယ် အလိုချင်ဆုံးလက်ဆောင်ကတော့ ၂၄နာရီ ၇ရက်ပတ်လုံး အနှောင့်အယှက်မရှိ၊ ဆိတ်ငြိမ်တဲ့၊ လုပ်ချင်ရာလုပ်လို့ရတဲ့ ကိုယ်ပိုင်နေရာလေးပဲ ဖြစ်ပါတယ်။ အင်တာနက်ရ၊ မီးရ၊ အသံလုံရင် ဘာမှမစားဘဲ နေရနေရ နေနိုင်တယ်လို့ တွေးနေမိလို့ပါပဲ။



Comments

Post a Comment