Featured post
- Get link
- X
- Other Apps
ကျွန်မ လက်ရှိ စာရေးနေတဲ့ blog ၃ခု ရှိပါတယ်။
ဒီနေရာက ကျွန်မရဲ့ ကုန်ကြမ်းစုဆောင်းရာ ဖြစ်ပါတယ်။ ခေါင်းထဲက ထွက်သမျှကို သက်ဆိုင်ရာကဏ္ဍတွေ ခွဲပြီး အချောသတ်မရေးခင် ဒီမှာ အရင် အကြမ်းရေးပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာတွေလည်း ပါကောင်း ပါနိုင်ပါတယ်။ မချောမွေ့ဘဲ ဖတ်ရတာ ထောင့်ထောင့်ကြီးဖြစ်နေတဲ့ စာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ပြီးတော့ ဒီနေရာက ကျွန်မရဲ့ ကိုယ်ပိုင် ကုထုံးအခန်းငယ်လေး ဖြစ်ပါတယ်။ စိတ်ထဲမတင်မကျဖြစ်နေတဲ့အရာတွေကို ဒီမှာ စာလာရေးပြီး ဖွင့်ထုတ်ပစ်ပါတယ်။ စာရေးပြီးတဲ့အခါတိုင်း စိတ်သက်သာရာ ရသွားလေ့ရှိပါတယ်။
ရှင်တို့လည်း ဒီမှာ ကုန်ကြမ်းလာယူတာဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေ တူနေရင် ရင်ဖွင့်သွားတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဪ... ပြီးတော့ ဒီblogအတွက် ချမှတ်ထားတဲ့ စည်းကမ်းက မြန်မာလိုရေးဖို့ပါ။ ကျွန်မက ခံစားချက်နဲ့ပတ်သက်တာဆို အလွှာတစ်ခု ခြားထားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက အရမ်း emotionalဖြစ်တတ်ပါတယ်။ နိုင်ငံခြားဘာသာစကားနဲ့ရေးရင်တော့ နည်းနည်းလေး ခံသာပါတယ်။ ဒါကြောင့်လည်း အမြဲအင်္ဂလိပ်လိုပဲ ရေးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ကိုယ့်ခံစားချက်ကို ကိုယ်ရင်ဆိုင်ကြည့်မလို့ပါ။
2. Ein Kyi Phyu
ဒါကတော့ အလုပ်ဆိုင်ရာ blogဖြစ်ပါတယ်။ ကျွန်မက စိတ်ပညာတက်ထားပြီး စာရေးတာ ဝါသနာပါတော့ content writer, copy writerလုပ်ပါတယ်။ အဲဒီရေးထားသမျှကို တင်ထားတာပါ။ ဒါ့အပြင် ကျွန်မ အလုပ်လုပ်တဲ့အခါ တွေ့ရတဲ့ အခက်အခဲတွေ၊ အကျင့်တွေ၊ objectiveတွေ ရေးဖို့ စဉ်းစားထားပါတယ်။
ဒါကတော့ ချစ်လှစွာသော သူငယ်ချင်းနဲ့ နှစ်ယောက်ပေါင်းလုပ်ထားတာပါ။ ကျွန်မတို့နှစ်ယောက်က တက္ကသိုလ်ပထမနှစ်ကတည်းက သိလာကြတာ အခုဆို သူငယ်ချင်းဖြစ်လာတာ ၆နှစ်ကျော်ပါပြီ။ ကျွန်မတို့နှစ်ယောက် မဝေးသွားအောင် ချိတ်ဆက်ထားတဲ့ တစ်ခုခုတော့ လုပ်ချင်ပါတယ်။ ဒါကြောင့် ဒီblogမှာ ပေါင်းရေးတာပေါ့။ များသောအားဖြင့်တော့ ကျွန်မတို့ရဲ့ အလွဲတွေကို တွေ့နိုင်ပါတယ်။ (သူရေးတာလည်း အင်မတန်ရယ်ရပါတယ်)
အောက်က blogနှစ်ခုကိုတော့ vpnနဲ့ဝင်မှ ရပါတယ်။ blog၃ခုလုံးမှာ ကျွန်မ စာရေးတယ်ဆိုပေမဲ့ ရေးဟန်ကတော့ တူချင်မှ တူပါလိမ့်မယ်။ တကယ်လို့ ဒီမှာ ဖတ်စရာမရှိတော့ဘူး ပြီးသွားပြီဆို ကျန်တဲ့နှစ်ခုကိုပါ ခြေဆန့်ဖို့ တိုက်တွန်းပါရစေ
Comments
Post a Comment