Featured post

သာယာတဲ့နေ့

 ဒီနေ့က မိုးရာသီပေမဲ့ ထူးထူးခြားခြား ကောင်းကင်ကြီးက ပြာလို့ နေရောင်လေးကလည်း ဖြာလို့ စိတ်အေးချမ်းစရာ‌နေ့ကလေး ဖြစ်ပါတယ်။ (ဒါပေမဲ့ ပြည်တွင်းရေးသတင်းအခြေအနေကတော့ ဆန့်ကျင်ဖက်ပါပဲ)

အရင်၃ရက်လောက်အထိက ကျွန်မ အတော်စိုးရိမ်ပူပန်ပါတယ်။ ပူဆို... ကျွန်မမှာ အလုပ်ပြုတ်ပြီဆိုပြီး ဘာသာပြန်workshopတစ်ခု လျှောက်ထားတာ ဝင်ခွင့်ရလို့ ဘာသာပြန်ရတာက တစ်ခု၊ အင်္ဂလိပ်စာ တိုးတက်အောင် လုပ်ရမယ်ဆိုပြီး speaking clubတွေ ဝင်ထားတာက ၂ခု၊ နောက် ဂျပန်စာသင်တန်းက တစ်ခု၊ ဒီနိုင်ငံက ဘွဲ့ကို မျှော်လင့်လို့ မရတော့ဘူးဆိုပြီး နိုင်ငံခြားက အဝေးသင်တက္ကသိုလ်မှာ လျှောက်ထားတာက တစ်ခု ဆိုတော့ . . အဲ ဘယ်နှခုတောင် ဖြစ်သွားပြီလဲဟင်😅😅 ပန်းကန်ပြားမှာ ပြည့်လို့ လျှံတောင် လျှံနေနေပြီ။ ကျွန်မက anxiousဖြစ်ရင် အစာမစားတော့ဘူး။ "အိုးမိုင်ဂေါ့ ဘယ်လိုလုပ်မလဲ ငါ့မှာ ဒါတွေ ပြီးအောင် လုပ်ရမှာ အစာစားဖို့ အချိန်မရှိ"ဆိုပြီး ပူထူနေတတ်ပါတယ်။ နောက်မှ တဖြည်းဖြည်း ပြန်တရားချလို့ တစ်ရက်ကို ဘယ်နှခုပြီးအောင် လုပ်မယ်ဆိုပြီး goalအသေးလေးတွေ ချမှတ်ပြီး လုပ်နေပါတယ်။ ဒီအစီအစဉ် စထားတာ တစ်ပတ်လောက်တော့ ရှိပါပြီ။ အခုထိ တစ်နေ့မှန်းထားသမျှ အကုန်တော့ မပြီးနိုင်သေးပါဘူး။😂😂 ဒါပေမဲ့ ၈၀ရာခိုင်နှုန်းကျော် ပြီးတယ်ဆိုတေ့  အတော် ကျေနပ်နေမိပါတယ်။ 

အင်း. . အရမ်း စိတ်ပင်ပန်းနေရင် ဒါကို သတိရဖို့ လိုပါတယ်။ ဘဝမှာ မိုးရာသီပဲ ရှိတာမဟုတ်ဘူး။ မိုးရာသီမှာတောင် နေပွင့်တဲ့ရက် ရှိသေးတာပဲလေ နော!

Comments