Featured post

ပေါ်လာလိုက် ပျောက်သွားလိုက်

 Hiya! တစ်လကြာလောက် လုံးဝပျောက်သွားပြီးနောက်ပိုင်း အခု နည်းနည်းအားလာလို့ ပေါ်လာပြန်ပါပြီ။ မရေးတာ ကြာပြီဆိုတော့ ဘာရေးရမှန်းတောင် မသိဘူးဖြစ် 😁😁..

ကဲ.. အရင်ဆုံး စိုက်ထားတဲ့ ခရမ်းချဉ်ပင်ကလေးအကြောင်းကို ပြောပြချင်ပါတယ်။ 




တစ်လကြာပြီးနောက်မှာတော့ ခရမ်းချဉ်ပင်ပေါက်ကလေးဟာ အပျိုမဒန်းလေး ဖြစ်လို့ နေပါပြီ။ အဲဒါကြောင့် အိမ်က ပန်းအိုးသေးလေးထဲမှာတော့ စိုက်လို့မဖြစ်ဘူးဆိုပြီး မှော်ဘီက အမျိုးအိမ်မှာ သွားစိုက်ပါတယ်။ သူတို့အိမ်မှာ ခြံလေးလည်း ရှိတာကြောင့် အပင်မျိုးစုံ ရှိပါတယ်။ သရက်ပင်ကတော့ ၅ပင်လောက် ရှိတယ်.. အများဆုံးပဲပေါ့။ ဆူးပုတ်ပင်၊ ကြက်သဟင်းပင်၊ မှိုဟင်းပင်၊ စံပယ်ပင်၊ ပဒဲကောပင်၊ တရုတ်စံကားပင် စုံလို့ပဲ။ အပင်တွေများတော့ မိုးလည်း ရွာပြီး နေရထိုင်ရလည်း အတော်ကောင်းပါတယ်။ အဲဒါကြောင့်ပဲလားမသိ စနေ၊ တနင်္ဂနွေတိုင်း သွားနေဖြစ်ပါတယ်။ ခက်တာတစ်ခုက သူတို့အိမ်မှာ wifiမရှိပါဘူး။ ဒါ့အပြင် ဖုန်းနဲ့ အင်တာနက်ဖွင့်သုံးပြန်တော့လည်း လိုင်းမကောင်းပါဘူး။ အဲဒါကြောင့်ပဲ blogမရေးဖြစ်တာပေါ့။ မေတစ်လလုံးတော့ သင်တန်းတက်လိုက်၊ အလုပ်လုပ်လိုက်နဲ့ ပျောက်ပြီးပါပြီ။ 

မအားဘူး မအားဘူးနဲ့ ညည်းနေလို့လားတော့မသိ။ ဇွန်လကျတော့ အလုပ်တစ်ဝက်လောက် ပြုတ်သွားပါတယ်။ ကဲ. . . ကျွန်မ အခု ပြန်ပေါ်လာတော့မယ်နော်😉

Comments

  1. ကြက်သားဟင်းပင်ကဘာကိုပြောတာလဲဟင်

    ReplyDelete
    Replies
    1. ကျွန်မ စာလုံးပေါင်းမှားတာပါ။ အမှန်က "ကြက်သဟင်းပင်" ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆို star gooseberryလို့ခေါ်သလို sweet leafလို့လည်း ခေါ်ပါတယ်။ ကျွန်မတို့ကတော့ သူ့ကို ပုဇွန်ခြောက်ကလေး၊ ငါးကလေးပြုတ်ရည်ထဲမှာ ခတ်လို့ ဟင်းရည်ပူပူသောက်ရင်သောက် မသောက်ရင် stir-fryလို ကြော်စားကြပါတယ်။ သူ့အရသာက ချိုလို့...
      https://organicmotion.com.au/sweet-leaf/

      Delete

Post a Comment