Featured post
- Get link
- X
- Other Apps
HI! ကျွန်မ ပြန်ရောက်လာပါပြီ။ ဒါပေမဲ့ မတူတဲ့ email adressအသစ်နဲ့ပါ။ ဘာလို့လဲဆို အရင်လိပ်စာက ကျွန်မအလုပ်အတွက်သုံးတာကြောင့်ပါ။ အလုပ်အတွက်သုံးတာနဲ့ blogရေးတာနဲ့ ဘာဆိုင်လို့လဲ လို့ မေးကြရင်. . . အလုပ်အတွက် သုံးတော့ ကျွန်မရဲ့ အလုပ်ရှင်လောင်းတွေက စပ်စပ်စုစု ဝင်ကြည့် နောက်ကြောင်းဖော်လိုက်လို့ ကျွန်မ ဒီလိုရေးနေတာတွေ့ရင် အလုပ်ခန့်ဖို့များ တွန့်သွားမလားလို့။ သိတယ် မဟုတ်လား ဒီမှာ ရေးထားတာက ကောင်းကြောင်းက နည်းနည်း၊ မကောင်းကြောင်းက ခပ်များများရယ်။ ပြီးတော့ ကျွန်မရေးတာက နိုင်ငံရေးအကြောင်းလည်း ပါတော့ မတော်လို့ အဘတို့က ကျွန်မ blogကို မိသွားပြီဆိုပါတော့ (အဲဒါက သိပ်တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို ဖတ်သူမှ သိပ်မရှိဘဲ။ ဒါပေမဲ့ ဖတ်တဲ့ တစ်ယောက်နှစ်ယောက်ကနေ ကံထူးပြီးမိသွားရင်တော့ မပြောတတ်တော့ဘူးပေါ့)။ ကျွန်မတော့ ထောင်ထဲသွားရမှာ အသေချာပဲဆိုတော့(ဒီမှာက ဖမ်းမိလို့ ငွေနဲ့ မလိုက်နိုင်ရင် အုတ်တိုက်ထဲမှာပဲ အရိုးဆွေးရမဲ့ chanceက များပါတယ်) ကိုယ့်ကိုယ်ကိုယ် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကာကွယ်ထားရမယ်လေ မဟုတ်ဘူးလား...
အဲဒါအပြင် ကျွန်မ အခုသုံးနေတဲ့ telecom ကုမ္ပဏီက စကစနဲ့ နှီးနွယ်သွားလို့ ဖုန်းခေါ်ဆိုတာ၊ စာပို့တာတွေမှာ ကြားဖြတ်နားထောင် သတင်းယူမယ်လို့လည်း သတင်းကြားရပါတယ်။ အမလေး. . .ဒုက္ခ!😓😓
Comments
Post a Comment