Featured post

ရန်ကုန်မြို့ရဲ့ ည၁၀နာရီ

 အချိန်က ည၁၀နာရီထိုးပါပြီ။ ရန်ကုန်မြို့တစ်ခွင်မှာတော့ black holeကြီးလို မည်းမှောင်နေပါတယ် (မအလက အလင်းဓါတ်တွေကို စုပ်ယူထားလို့ပဲပေါ့) သူတို့ထုတ်ပြန်ထားတဲ့ မီးပြတ်မီးလာဇယားအရ ည၉နာရီမှာ မီးလာရမှာပါ။ ဒါပေမဲ့ ကျွန်မနေတဲ့မြို့နယ်မှာ ဗုံးပေါက်လို့ထင်ရဲ့ ၅မိနစ်ပဲမီးလာပြီး ပြန်ပြတ်သွားပါတယ်။ အဲလိုနဲ့ ၁၀နာရီထိုးတဲ့အထိ မလာသေးပါဘူး။ ကျွန်မကတော့ မီးပြန်လာရင် တစ်အိမ်လုံးပဲ လင်းထိန်သွားလေမလား၊ အောက်က အပြင်ထွက်စကားပြောနေသူတွေ အိမ်ထဲပဲ ပြန်ဝင်သွားလေမလား၊ ရေး...လို့ပဲ အော်လိုက်ကြလေမလားနဲ့ အမျိုးမျိုးစိတ်ကူးကြည့်နေပါတယ်။

ေဟာ... စိတ်ကူးယဥ်ရင်း မီးပြန်လာပါပြီ။ မီးပြတ်တဲ့ တစ်ညနေလုံး အိပ်နေမိတဲ့ကျွန်မ အခုမှ ညစာစားဖို့ ပြင်ရပါတယ်။ အိမ်ကသူတွေတော့ အကုန်အိပ်ကုန်ကြပါပြီ။

ဟုတ်ကဲ့။ ဒီလောက်ပါပဲရှင့်။

Comments