Featured post

စိတ်ညစ်ရင် ဘာလုပ်ကြလဲ

 စိတ်ညစ်ရင် ဘာလုပ်ကြလဲ?

အရင်ကတော့ ငိုတယ်။

အခုတော့ စာရေးတယ်။ 

ဟုတ်ကဲ့။ ကျွန်မ စိတ်ညစ်နေပါတယ်။ ဘာလို့လဲဆို ကျွန်မ ဘာသာပြန်တဲ့အလုပ်က စာချုပ်ပြီးသွားတဲ့အခါ ကျွန်မကို ထပ်မငှားတော့ပါဘူး။ Ouch! နည်းနည်းတော့ နာကျင်ရတာပေါ့။ အခုတော့ အိမ်ကြည်ဖြူလေးဟာ အိုးဆေး၊ အင်္ကျီချုပ်ဘဝကို ပြန်ရောက်သွားပြီလေ..

ဟုတ်ကဲ့။ ကျွန်မက ထမင်းလည်းမချက်၊ အိမ်စရိတ်လည်း မပေးတော့ အနည်းဆုံး တံမြက်စည်းလှည်းတာမျိုး၊ အိုးခွက်ဆေးပေးတာမျိုးလို အိမ်အလုပ်ကလေးတွေမှာတော့ ဝင်ကူသင့်တာပေါ့။ ဒါပေမဲ့ ကျွန်မက လုံးဝ မလုပ်ချင်ပါဘူး။ အဲဒါကြောင့် စားစရိတ်၊ နေစရိတ်ပေးမယ် စဉ်းစားထားပါတယ်၊ ဒါပေမဲ့ အခု မဖြစ်နိုင်တော့ဘူးလေ😓။ ပြီးတော့ နောက်လ လစာရရင် ဟိုဟာဝယ်မယ်၊ ဒါဝယ်မယ်လည်း ကြိုတင်စိတ်ကူးယဉ်ထားပါတယ်။ အခုတော့ အကုန် လေထဲလွင့်သွားပါပြီ😶



အဲဒါဆို ကျွန်မ ဘာလုပ်မလဲ? ကျွန်မ စာလုပ်ဖို့၊ စာရေးဖို့ အချိန်ပိုရသွားတယ်လို့ပဲ တွေးလိုက်ပါတော့တယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက်နဲ့ websiteလုပ်ဖို့ကို ပြောနေကြပါတယ်။ အဲဒီမှာ ကျွန်မတို့ ကြောင်အကြောင်းရေးကြမယ်၊ လူတွေအကြောင်း ရေးမယ်၊ ကာတွန်းလေး ဘာလေးလည်း ဆွဲမယ်။ ကိစ္စမရှိပါဘူး။ အလုပ်တစ်ခုပြုတ်ရင် နောက်ပိုကောင်းတဲ့တစ်ခု ရောက်လာမှာပါ။ ကျွန်မကတော့ ရပ်တန့်နေလို့မရဘူး။ လိပ်ကလေးလိုပဲဖြစ်ဖြစ် ဆက်သွားနေရမယ်😁😀

စာကြွင်း: ကျွန်မ အခုလေးတင်ပဲ ဘာလုပ်လိုက်လဲဆိုတာ သတိထားမိလိုက်ရဲ့လား😱။ ရှင်တို့ရော စိတ်ညစ်ရင် ဘာလုပ်တတ်ကြလဲ?

Comments

  1. စိတ်ညစ်ရင် တရားအားထုတ်တယ်၊
    ဒါနဲ့ cat တို့ website လုပ်ရင် ပြောပြနော်၊ အရမ်းတွေ့ချင်တယ်ဗျ။

    ReplyDelete
    Replies
    1. Wow တရားအားထုတ်တာကို အရမ်းလေးစားပါတယ်။ ကျွန်မတော့ တရားမှတ်လို့ ၁၀မိနစ်မခံဘူး အိပ်ငိုက်သွားရော😂။ အခုလုပ်မှာက websiteဆိုတာထက် WordPress platformပေါ်က blogပါပဲ။ ကိုယ်ပိုင်domainရဖို့တော့ တော်တော်လေး လိုပါသေးတယ်

      Delete
    2. ဟုတ်ကဲ့ တစ်နေ့နေ့မှာ website လုပ်ရင် ကောင်းမယ်၊ ရတယ် ဒီအခုလက်ရှိ blog ပဲ အရမ်းမိုက်တယ် :D

      Delete

Post a Comment