Featured post
- Get link
- X
- Other Apps
ဒီနေ့ ဖေဖော်ဝါရီလ ကုန်ပါပြီ။ အခုမှ ပြက္ကဒိန်ကို ပြန်ကြည့်မိလိုက်တဲ့အခါမှ မနှစ်က ဖေဖော်ဝါရီ ၁၉ရက်နေ့ မနက် ၂နာရီလောက် အိပ်ရာကထလို့ blogတစ်ခု အသစ်လုပ်ဖို့ ဟိုရွေး ဒီရွေး လုပ်နေမိခဲ့တာကို သွားသတိရပါတယ်။ ဒီနှစ်တော့ ဟိုကိစ္စ ဒီကိစ္စ ရှုပ်နေတာနဲ့ပဲ မေ့သွားပါတယ်။ အခုတော့ "ဪ.. ငါ ဘာလို့ မေ့သွားခဲ့ရတာလဲ" ဆိုပြီး စိတ်မကောင်း ဖြစ်နေရပါတယ်။
အမှန်ပြောရရင် ဒါက ကျွန်မရဲ့ ပထမဆုံးblog မဟုတ်ပါဘူး။ အရင် emailတစ်ခုနဲ့ blogတစ်ခု လုပ်ဖူးပါတယ်။ အဲဒီတုန်းက ဘာရေးရမှန်းလည်းမသိ.. ရေးတဲ့ဟာတွေလည်း ဖတ်တဲ့သူမရှိတာနဲ့ ဒီတိုင်းပဲ ထားလိုက်ပါတယ် (နောင်တစ်ချိန် ရေးချင် ရေးဦးမှာ ဆိုပြီး အပြီးအပိုင် မဖျက်ဘဲ ထားလိုက်သေးတာ)။ အဲဒီ့မတိုင်ခင်တော့ Facebookမှာ Pageတစ်ခုဖွင့်ပြီး ဟိုဟိုဒီဒီ ရေးပါသေးတယ် (ကျွန်မသူငယ်ချင်းရဲ့ သူငယ်ချင်းကတော့ အရမ်းအားပေးပါတယ်)။ အစတုန်းကတော့ engagement မဆိုးလှဘူးဆိုပေမဲ့ နောက်ပိုင်း ပုံမှန်မရေးဖြစ်တာကြောင့် (ရှက်လို့) ဖျက်ပစ်လိုက်ပါတယ်
အဲဒီမတိုင်ခင်လောက်တုန်းက Wattpadမှာ fanfictionရေးပါသေးတယ်။ နောက် မဟန်တာနဲ့ ဖျက်လိုက်ပါတယ်။ ရေးလိုက် ဖျက်လိုက် ထပ်ရေးလိုက် ထပ်ဖျက်လိုက်...
ဒီတစ်ခုကိုတော့ လုံးဝ မဖျက်တော့ပါဘူး။
ကျွန်မဟာ အရာရာမှာ သူများထက် နောက်ကျပါတယ်။ ကလေးတုန်းက သူများထက်နောက်ကျပြီးမှ စကားပြောတယ်၊ သူများထက်နောက်ကျပြီးမှ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့သိတတ်တယ်၊ သူများထက်နောက်ကျပြီးမှ စာကြိုးစားဖို့ကို သိတယ်၊ အခုလည်း သူများထက်နောက်ကျပြီးမှ အလုပ်လုပ်၊ သူများထက်နောက်ကျပြီးမှ ဘွဲ့ရပါတော့မယ်။ ကျွန်မက လိပ်ကလေးလိုပဲ အရမ်းနှေးတာပဲ ဒါပေမဲ့လည်း အရှေ့ကိုတော့ သွားနေတယ် တရွေ့ရွေ့ပဲပေါ့။
ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီလမကုန်ခင် ဒီစာကို တွေ့တယ်ဆို CuriousCat'sEntriesရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးကို ကိတ်မုန့်အသေးလေးဝယ်စားပြီးတော့ဖြစ်ဖြစ် ကျင်းပလိုက်ပါ။ 🥳🥳
Comments
ဂုဏ်ယူပါတယ်ဗျ!
ReplyDelete��စားပါဦး ��
ဟုတ်ကဲ့ မီးပြန်လာရင် စားမယ်နော်
Delete