Featured post
- Get link
- X
- Other Apps
ဒီနေ့ညနေ အမေနဲ့ အိမ်အပြန်မှာ မနက်ဖြန် အစုံသုပ်သုပ်စားဖို့ ဂေါ်ဖီနဲ့ အဆာပလာလေးတွေ ဝယ်ပါတယ်။ ဒီနေ့ မနက်က ကျွန်မblogမှာ ဝင်ပြီး commentရေးသူ တစ်ယောက်ရှိလို့ တော်တော်ပျော်နေတာပါ။ ပြီးတော့ လစာလည်း ရလို့ တစ်ပျော်ပေါ် နှစ်ပျော်ဆင့်... အဲ.. အဲလိုဆင့်နေတုန်းပဲ ရှိသေး ဂေါ်ဖီကလေး သေးသေးတစ်စိတ်ကို (ဟုတ်ကဲ့ တစ်ထုပ်ကို လေးစိတ်စိတ်ထားတာပါရှင့်) ၅၀၀တဲ့။ အဲဒါနဲ့တင် မပြီးသေး... ဦးလေးတစ်ယောက်က ဘူးညွန့်ဝယ်တော့ တစ်စည်းကို ဘယ်လောက်လို့ ထင်ပါသလဲ?
၂၀၀? ၃၀၀?
ဈေးကြီးတယ်ဆို ၃၅၀လောက်?
၅၀၀ပါတဲ့ရှင်။ ဘုရားစူး ၅၀၀တဲ့။
အို... ဓနသကြား စူပါသကြား ရှိသမျှသော သိကြားတော့ သိကြ ကြားကြပါရဲ့လားမသိ။ ဒီလိုသာဆို ငါးပိရည်ကျိုကလေးနဲ့ ဘူးညွန့်ပြုတ်အတို့ဟာ သူဌေးစာဖြစ်ရချည်ရဲ့။ အမလေး...
ဆိုင်ရှင်ကတော့ ပြောပါလေရဲ့ "အခုခေတ်မှာ ဈေးမတက်တာ တစ်ခုမှ မရှိဘူး အစ်မရေ" တဲ့။
လက်ထဲက လစာကလေးကို ကြည့်ပြီး ဟုတ်ပါလေရဲ့လား လို့တောင် ပြန်မေးလိုက်ချင်သေးတယ်နှော်...
Comments
Post a Comment