Featured post

You're never too late!

 Coldplay ရဲ့ Hymn For The Weekendကို နားထောင်နေပါတယ်။ နားထောင်ရင်းနဲ့ ဒီလို တွေးမိနေပါတယ်။ 

"ဪ... ဘာလို့များ Coldplayကို နောက်ကျမှ သိရတာလဲ သူ့ကို စောစောသိခဲ့ရင် ဒီသီချင်းတွေ စောစောနားထောင်မိမှာ"

သီချင်း နောက်တစ်ပုဒ်ကို ပြောင်းသွားပါတယ်။ Coldplayမတိုင်ခင် သိတဲ့ OneRepublicရဲ့ If I Lose Myselfပါ။

သီချင်း နားထောင်နေရင်း ဒီလို တွေးမိပြန်ပါတယ်။ "အမလေး ငါဘာလို့ One Directionနဲ့ ပျော်မွေ့နေခဲ့ရတာလဲ။ ဒီလောက်ကောင်းတဲ့သီချင်းကို ဘာလို့ စောစောမနားထောင်ခဲ့ရတာလဲ" ဆိုပြီးတော့ပေါ့။ 

အဲဒီOne Directionကိုလည်း ၁၀တန်းလောက်က စသိတဲ့အခါ "ငါ ဘာဖြစ်လို့ သူတို့ကို နောက်ကျမှ သိရတာလဲ။ စောစောသာ သိခဲ့ရင် What Makes You Beautifulကိုလည်း စောစောနားထောင်ရမှာ" ဆိုပြီးတော့ တွေးပါတယ်။ 

အဲလိုမတွေးတာဆိုလို့ Avril Lavigne နဲ့ Bryan Adamsပဲ ရှိမယ်ထင်ပါတယ်။ ပြီးတော့ မနေ့က အသိအစ်ကိုတစ်ယောက်က ကျွန်မ ၉တန်းတုန်းက physicsက vectorအခန်းကို ၄မှတ်နဲ့ကျတာသိတော့ (ဒါတောင် ၂နဲ့မြှောက်လို့ ၄မှတ်ရတယ်ဆိုတာ သူမသိသေးဘူး။ နောက် ၁၀တန်းက ပထမဆုံးအခန်းကို ၂နဲ့မြှောက်ပြီးသား ၁၈မှတ်နဲ့ကျတယ်ဆိုတာ သူ မသိသေးဘူး။ နောက် chemistryက titrationအခန်းကို ၂နဲ့မြောက်တာတောင် ၃မှတ်နဲ့ကျတယ်ဆိုတာ သူမသိသေးဘူး။ သိသာသိရင် ထိုင်နေရာကနေ နောက်ကိုလန်ကျလို့ နောက်စေ့တောင် ကွဲလောက်တယ်😆😆) ဒီလိုပြောတယ် "ညီမက အစ်ကိုနဲ့ စောစောသိရမှာ။ အစ်ကိုက စာတော်တယ်"။ 

ကိုယ့်အထင်တော့ သိလည်း သိပ်မထူးဘူးလို့ ထင်တယ်။ ဘာလို့ဆို အဲဒီတုန်းက ပညာရေးကို စပွန်ဆာပေးနေတဲ့အဘွားက ယောက်ျားလေးဂိုက်ဆို ငှားမှာ မဟုတ်လောက်ဘူး။ (ရည်းစားရသွားမှာစို့လို့။ ဪ.. သူ့မြေးက ဒါမျိုးကိစ္စမှာ gong gongဖြစ်နေတာမှ မသိဘဲနဲ့လေ🙃) 

ထားလိုက်ပါတော့။ ပြောချင်တာက ☝🏼☝🏼က ခေါင်းစဉ်အတိုင်းပါပဲ။ ဘယ်တော့မှ အရမ်းနောက်ကျတယ်ဆိုတာ မရှိပါဘူး။ နည်းနည်းလေးတော့ နောက်ကျချင်နောက်ကျမှာပေါ့။ ဥပမာ - ဆယ်တန်းတုန်းက Psychologyယူဖို့ စိတ်မကူးဘဲ E-Majorယူဖို့ စိတ်ကူးပြီး အမှတ်များအောင် စာပိုလုပ်ခဲ့မယ်ဆိုပါစို့။ အဲဒီလိုဆိုရင် အခုကလေးတွေလိုက်စာသင်၊ Creative Writing Class တွေလိုက်တက်နေစရာမလိုတော့ဘဲ ပြဇာတ်ရေးလိုက် ကဗျာရေးလိုက်နဲ့ ပျော်ရွှင်နေမှာပေါ့။ အခုမဟုတ်ဘဲ အသက်၅၀လောက်မှသိလည်း အဲဒီ့အချိန်မှာ အဲဒီ့အတန်းတွေ လိုက်တက်မှာပေါ့။ အဓိကက ကိုယ်ကျေနပ်တာကို စိတ်ပျော်ပျော်နဲ့ လုပ်နေဖို့ပဲလေ။ 

မှားသွားတာကို မှားသွားတယ်လို့ သိတဲ့အချိန်မှာလည်း ပြင်တဲ့ဘက်ကို ဦးတည်လိုက်ပေါ့။ (ပြင်မရတော့ဘူးဆိုရင်လည်း ထားခဲ့လိုက်တော့ မတတ်နိုင်ဘူး🤷🏼‍♀️) 

အဓိက မှတ်ရမှာက 

It's never too late!!!

Comments