Featured post

Have you ever been to the island of Eroda?

 မြန်မာစံတော်ချိန် မနက်၅နာရီနဲ့ ၄၄မိနစ်ရှိပါပြီ။ ကျွန်မ စာရေးရင်း Harry Stylesရဲ့ Adore you ကို နားထောင်နေပါတယ်။ 

The island of Eroda... 

ကျွန်မအသက် ၂၂နှစ် ပြည့်ပြီးပါပြီ။ နောက်ပြီး တစ်ယောက်ယောက်ကို ကြိုက်ရတာကို မုန်းလှပါပြီ။ 

သံသရာစက်ဝန်းက ဒီလိုရှိပါတယ်။ 

ကျွန်မက တစ်ယောက်ယောက်ကို ကြိုက်တယ်။ သူတို့ကြိုက်တာ အကုန်လုပ်ပေးတယ်။ ကဗျာတွေရေးတယ်။ သူတို့က ကျွန်မကို လှည့်မကြည့်ကြဘူး။ အဲလိုနဲ့ သူ့ထက်သာတဲ့တစ်ယောက်ကို တွေ့တယ်။ အဲဒီတော့ အဲဒီတစ်ယောက်ကို ပြောင်းကြိုက်တယ်။ 

အဲလိုနဲ့ ၁၄နှစ်လောက်ကတည်းက ကြိုက်လာတာ အခုဆို ၆ယောက်မြောက် ရှိနေပါပြီ။ 

အခုတော့ တရားထိုင်တဲ့အခါ "ဝင်ရင် ဝင်တယ်မှတ်၊ ထွက်ရင် ထွက်တယ်မှတ်၊ ကြားရင် ကြားတယ်မှတ်" လို့ လုပ်ရတဲ့အတိုင်း ကြိုက်ရင် ကြိုက်တယ်မှတ်ပြီး ဒီတိုင်းလေးပဲ ကြည့်နေပါတော့တယ်။ 

ရှင်တို့ရော လူတစ်ယောက်ကို ကြိုက်ရင် ဘယ်လိုလုပ်သလဲ... သေချာ စဉ်းစားကြည့်ပေါ့နော်..


Comments