Featured post

ဆယ်ကိုယ်လောက် ခွဲထားချင်မိတယ်

 အခုတလော အလုပ်ရှုပ်လိုက်တာ ပြောမနေပါနဲ့တော့။ စာသင်ရတာ ကလေးက ၄ယောက်၊ နောက် သင်တန်းကလည်း တက်နေ၊ နောက် ဘာသာပြန်တဲ့ အလုပ်တစ်ခုကလည်း ရထားဆိုတော့ ယားလို့ ကုတ်ချိန်တောင် မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး နေ့တိုင်းမှန်မှန် blogရေးမယ်လို့ စိတ်ကူးပါတယ်။ 

အိမ်မှာတော့ အကောင်းတလှည့် အဆိုးတလှည့်ပါပဲ။ ဆိုးတာကတော့ အလုပ်ကောင်းကောင်းလုပ်လို့မရတာပါ။ စာသင်တာရော သင်တန်းတက်တာရော ဘာသာပြန်တာရောက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လိုအပ်ပါတယ်။ ကျွန်မတို့အိမ်ကတော့ အမြဲကို ဆူညံနေတာပါ။ အဲဒီတော့ လောလောဆယ် အိမ်သပ်သပ် ခွဲမနေနိုင်ရင်တောင် ရုံးခန်းလေးတစ်ခန်းတော့ ငှားထားချင်မိပါတယ်။ နောက်နှစ်တော့ ရုံးခန်းကလေးရရင် ကောင်းမှာပဲ။ ဪ နောက်ပြီး အိမ်မှာ ဖြစ်သမျှ လုပ်သမျှမှာ ဤဖေကိုယ်က မပါမဖြစ်ပါရပါတယ်။ တီဗွီဖွင့်တာကအစ ရေခဲသေတ္တာပျက်တာအထိ မပါမဖြစ်ဆိုတော့ ရုံးခန်းရတယ်ပဲထား ဖုန်းဆက်ခေါ်လို့သွားနေရတာနဲ့ အလုပ်က တွင်တော့မှာမဟုတ်ပါဘူး။ ရှုပ်ပါတယ်လေ... ဆယ်ကိုယ်လောက်သာ ခွဲထား ပြီးရော😂😂

အခုတလော စာရေးနေရင်းဆို coldplayသီချင်းတွေ နားထောင်ဖြစ်ပါတယ်။ (coldplayကို အရင်က ဒီလောက်ကောင်းမှန်းမသိခဲ့ဘူး) အခုတော့ သူ့သီချင်းတွေနားထောင်ရင်း လေပေါ်မှာ မျောလွင့်နေပါပြီ။ နားထောင်လိုက်ကြပါဦး။

 

Comments