Featured post

တိမ်ထူတဲ့နေ့မှာ တက်ကြွစွာ ဘယ်လိုဖြတ်သန်းရမလဲ

 

Lately I've been, I've been really hungry...😣😖

Ryan Tedderတစ်ယောက် အိပ်မပျော် ဖြစ်နေတဲ့ အချိန်မှာ ကျွန်မကတော့ ဗိုက်ဆာနေပါတယ်။ အရင်ကဆို တော်ရုံတန်ရုံ ဗိုက်မဆာပါဘူး။ အခုတလောမှ ဘယ်လိုဖြစ်လာတာလဲတော့မသိပေမဲ့ အချိန်တိုင်း ဗိုက်ဆာနေပါတယ်။ (ဒါပြီးရင်တော့ ရုတ်တရက် အရပ်ကြီးပဲ ရှည်ထွက်လာမလား ရေမွေးစမ်းတဲ့ စက္ကူပြားကလေးဘဝကနေ ဘိုမရုပ်ကလေးလိုပဲ ဖောင်းဖောင်းတင်းတင်းလေး ဖြစ်လာမလား🤭🤭🤷🏽‍♀️🤷🏽‍♀️ ကျွန်မလည်း မပြောတတ်ဘူး)

ဒီမနက်က မိုးဖွဲလေးကျပါတယ်။ နောက် နေခဏ သာပါတယ်။ သိပ်မကြာပါဘူး ဘယ်ကမှန်းမသိ တိမ်တွေရောက်လာပြီး မိုးတွေအုံ့၊ အခုတော့ ကောင်းကင်မှောင်မှောင်မည်းမည်းနဲ့မလိုက်အောင် မိုးဖွဲဖွဲလေး ရွာနေပြန်ရော။ အိပ်လို့ကောင်းမဲ့ ဒီလိုအခါလေးမှာ ကျွန်မကတော့ လန်းဆန်းတက်ကြွအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေပါတယ်။

အရင်ဆုံး အိပ်ရာက ထလိုက်ပါတယ်။ ပြီးတော့ laptopဆီ တန်းမသွားဘဲ ရေချိုးခန်းဆီတန်းသွားပြီး မျက်နှာသစ်ပါတယ်။ အခုတော့ မနက်စာ စားပြီးပါပြီ (ဗိုက်တော့ မဝသေးပါဘူး ဘယ်ဝမလဲ ကပ်စေးနည်းဘောင်ဘောင်က ဆီချက်ခေါက်ဆွဲ တစ်ထုပ်ခွဲပြုတ်ပြီး လူ၂ယောက်စားခိုင်းတာကိုး) အခုတော့ ညကထက်စာရင် နည်းနည်းတော့ လန်းဆန်းသွားပါပြီ။ 

မနက် အိပ်ရာထခါနီးတုန်းက စဉ်းစားမိပါတယ်။ "ဪ.. အခုအချိန် ရည်းစားမရှိတာ တော်တော်ဟန်ကျတာပဲ"ပေါ့။ ဘာလို့လဲဆို ရည်းစားနဲ့သာဆို နေ့လည် ထမင်းစားချိန်လောက်မှ ထဖြစ်မယ် ထင်မိတယ် (အိုး... ဒီစကားက jinxဖြစ်သွားပြီး အနာဂတ်မှာ ဆန့်ကျင်ဘက်တွေ ဖြစ်မလာပါစေနဲ့🙏🏽🙏🏽🙏🏽 ဖြစ်လာဖို့တော့ စိတ်မပူရလောက်ဘူးထင်တယ် ဘာလို့လဲဆို ကန်ထုတ်ပစ်မှာကိုး😆) 

အဲဒီတော့ တိမ်ထူပြီး ခပ်အေးအေးနဲ့ အိပ်လို့ကောင်းတဲ့နေ့တွေမှာ ဘယ်လို တက်တက်ကြွကြွလန်းလန်းဆန်းဆန်းဖြစ်အောင် နေရမလဲဆိုတော့... 

  • အိပ်ရာထတာနဲ့ စိတ်လှုပ်ရှားစရာတွေ စောင့်မျှော်နေတာကို သတိရပါ
  • စားစရာတွေ စားရမယ်
  • မပြီးသေးတဲ့ အလုပ်တွေ ပြီးသွားမယ်
  • ရယ်ရမယ် ငိုရမယ် ရှင်သန်နေတဲ့ လူတစ်ယောက်အဖြစ်နဲ့ စိတ်ခံစားမှုတွေမှာ လိုက်စီးမျောရမယ်
  • ပြီးသွားရင်တော့ ကျန်တဲ့ တစ်နေ့တာလုံးက အိပ်ဖို့အတွက်ပါပဲ။
ပိုကောင်းတဲ့အကြံတွေ ရှိရင်လည်း ပြောသွားကြပါဦး...

Comments