Featured post

စက်သစ် လူသစ် အချိန်ဇယားသစ်

 စာမရေးတာ တစ်လတောင် ကျော်ပါပြီ။ ဒီကြားထဲမှာ ငိုရတာတွေရော ရယ်ရတာတွေရော အမျိုးမျိုးနဲ့ လှိုင်းစီးနေခဲ့ရပါတယ်။ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုကတော့ ကျွန်မ ရင့်ကျက်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ကျွန်မအသက်က ၂၂နှစ်တောင် ရှိပါတော့မယ်။ မကြာခင် အိမ်ခွဲနေရတာတွေ ဖြစ်လာပါတော့မယ်။ ကျွန်မ မကြီးပြင်းလို့ မရတော့ပါဘူး။ 

သူများတွေတော့မသိ... ကျွန်မအတွက်တော့ လူကြီးတစ်ယောက်ဖြစ်ရတာ တော်တော် တာဝန်များလှပါတယ်။ လူတွေကို နားလည်ပေးတတ်ရမယ်၊ အလုပ်ကို မညည်းညူရဘူး၊ ကြင်နာတတ်ရမယ်၊ သည်းခံရမယ်၊ အထအနမကောက်ဘဲ သဘောထားကြီးရမယ်၊ အမှန်ကို မြင်နိုင်ရမယ်၊ သင်ယူဖို့ကို နောက်မတွန့်ရဘူး။ အရမ်းများ ပြည့်စုံနေလား😅😅 တကယ်ပြောတာ ကျွန်မက အဲဒါတွေအကုန်လုံး ဖြစ်ချင်တယ်။


ကြီးကြီးမားမားအပြောင်းအလဲကတော့ ကျွန်မ laptop အသစ် ဝယ်လိုက်ပါပြီ။ အဲဒါကြောင့်လားမသိ စာရိုက်ရတာ အရင်ကထက် ပိုမြန်လာတယ်😁😁 

ဒီနေ့မနက်တုန်းက ရယ်ရခက် ငိုရခက် ကိစ္စတစ်ခု ဖြစ်လိုက်ပါသေးတယ်။ အဲဒါကိုတော့ နောက် အချိန်ရမှပဲ အေးဆေး ပြောတော့မယ်။ အခုကတော့ မနက်ဖြန် စာသင်ဖို့ လုပ်လိုက်ဦးမယ်

Comments