Featured post

အိပ်ရာပေါ်မှ နှလုံးသားဖြင့် ခံစား၍ ရေးသားသည်။

 ကျွန်မ ဒီစာကို အိပ်ရာက​နေ ဖုန်းနဲ့ ရေး​နေပါတယ်။ ဘာလို့လဲ? ကျွန်မ အပြင်ကို မထွက်နိုင်​တော့လို့ပါ။ ကြီးကြီးမားမား ရောဂါတစ်ခုခုလို့​တော့ မထင်လိုက်ပါနဲ့။ အဲ.. ဒါက ကြီးကြီးမားမား ရောဂါလည်း ဖြစ်နိုင်ပါတယ်။ လူ​တွေကသာ သူ့ကို ပေါ့​ပေါ့တန်တန် သ​ဘောထားကြတာပါ။ အဲဒါက​တော့... အပျင်း​ရောဂါ​ပေါ့😁😁။ 


ပူအိုက်တဲ့ နွေမှာ​တောင် အိပ်ရာက နောက်ကျမှ ထချင်တဲ့ ကျွန်မဟာ မိုးသည်းသည်းမည်းမည်းလည်း ရွာ​ရော "တစ်သက်လုံး ဒီလို​လေးပဲ နေချင်ရဲ့ကွယ်"​တေးကို ညည်းပြီး လုပ်စရာ​တွေအကုန် ဘေးဖယ်၊ စောင်က​လေးကိုခြုံကာ တရုတ်ဝတ္ထုက​လေးနဲ့ နှပ်​နေပါ​တော့တယ်။ 

ဪ... ဒီအ​ကြောင်းကို တောထဲက တော်လှန်​ရေးသမားတွေများကြားလိုက်ရင် ဘယ်​လောက်​တောင် ယူကြုံးမရ ဖြစ်လိုက်​လေမလဲ​နော်...

အခု ဒီစာကို ရေးတာ​တောင် မနက်၅နာရီခွဲတိုင်း စာတစ်ပုဒ်​ရေးရမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားလို့ ရေး​နေရတာပါ။ (နို့မို့ရင်​တော့ ကျွန်မ blogမှာ စာတစ်ပုဒ်မှ​တောင် ရှိမှာမဟုတ်🤣)


Comments