Featured post

ငွေ​ဘေးဒုက္ခသည်

 ရေ​ဘေးဒုက္ခသည်၊ မီး​ဘေးဒုက္ခသည်၊ စစ်​ဘေး​ရှောင်ဒုက္ခသည် ဒါ​​တွေကြားရတာ မထူးဆန်း​တော့ပါဘူး။ အခု မအလအာဏာသိမ်း​တော့မှ ဘာတဲ့? ငွေ​ဘေးဒုက္ခသည်ဆိုပါလား အားလားလား တစ်ခါမှ မကြားဖူးဘူး ဘယ်လိုဖြစ်တာပါလိမ့်။

ကျွန်မလည်း ငွေ​ဘေးဒုက္ခသည်တစ်​ယောက် ဖြစ်ပါတယ်။ ဒုက္ခသည်မှာမှ လူလတ်တန်း အနိမ့်စားထဲကမို့ ဒါ​လေးမှ ထုတ်မရရင် နောက် ဘာမှ မရှိ​တော့တဲ့ အောင်သန်းတင့် ဒုက္ခသည်မှ စစ်စစ်။အိုး...  ရှင်တို့​တော့ ကျွန်မ blogကို ဖတ်​နေရတာ တော်​တော်ကံ​ကောင်းတာပဲ😂။ (တော်တော်လည်း ကံဆိုးတယ်လို့ပြောလို့ရပါတယ် သိရအောင် ဆက်သာ ဖတ်ကြည့်ပါ)

ဒီထူးဆန်းလှတဲ့ ဒုက္ခသည်​တွေဟာ မတ်လကုန်ပိုင်း​လောက်မှာ တော်​တော်ကို လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ ကျွန်မလည်း အဘွားပင်စင်ထုတ်ဖို့ တန်းစီ၊ ဘဏ်မှာတန်းစီ စီ​တော့ စီခဲ့ရ​ပေမဲ့ atmရှေ့မှာ တုံကင်ယူရတဲ့ အထိ​တော့ မကြုံခဲ့ရပါဘူး။ အခု​တော့ အိမ်နားက capital Supermarket မှာ တန်းစီ​နေပါတယ်။ ကျွန်မလက်မှာလည်း ဆော့ပင်မင်ရာတစ်ခု၊ နံပါတ်က ၁၃၇တဲ့​လေ။ 

ကျွန်မဝမ်းကွဲအစ်မဆီက သတင်းသိသိချင်း အောက်ဆင်းလာတာပါ။ဒါ​တောင် ကျွန်မ​ရောက်တဲ့အချိန် လူက ၁၃၆ယောက်​တောင် ရောက်ပြီးပြီတဲ့😶😶။ ကျွန်မ ဆွံ့အသွားပါတယ်။ အမ​လေး လေး​လေ ဘယ့်နှယ်

(သူတို့ ပွစိတဖုံ တီးတိုးတဖုံ အာကျယ်တဖုံ ပြော​နေတာ ကြားရတာ​တော့ သူတို့က အတွင်းသတင်း​ပေးနဲ့ ချိတ်ဆက်ထားတယ်ဆိုပဲ။ "capital တော့ capitalပဲ ဘယ်မှာ ဖြည့်မလဲ​တော့မသိဘူး။ ဒါ​ပေမဲ့ သူတို့လာမဲ့ လမ်း​ကြောင်းကို ကြည့်လိုက်တာ မြောဥက္ကလာက ဖြတ်မယ်ဆို​တော့ ဒီကိုပဲ တန်းလာလိုက်တာ"တဲ့ 😮😮

တန်းစီတဲ့သူ​တွေ တိုးကြိတ်​နေကြတာ မြင်​တော့ လုံခြုံ​ရေးယူတဲ့ ဦး​လေးက သိပ်မကြည်ချင်ပါဘူး။ "ဖယ် ဖယ် အ​ပေါက်ဝမှာ ပိတ်မ​နေကြပါနဲ့။ ဈေးဝယ်တဲ့သူ​တွေ ဝင်ရ​အောင် လမ်း​ပေါက် ဖွင့်​ပေးပါ"လို့ ခပ်စွာစွာက​လေး အော်လိုက်ပါတယ်။ စောင့်​နေတဲ့သူ​တွေက အမျိုးမျိုး အဖုံဖုံ​သော စားဖွယ်​သောက်ဖွယ်​ ကုန်ပစ္စည်း​တွေ ဝင်ဝယ်လိုက်မှ စူပါမားကတ်ထဲမှာ အေးချမ်းစွာ ထိုင်​နေ​တော်မူပါ​တော့တယ်။

တုံကင်၁၀၀ကျော်တဲ့သူတချို့က ပြန်ကုန်ကြပါပြီ။ ကျွန်မက​တော့ အိမ်နားမှာ နေတဲ့သူနဲ့​တွေ့လို့ စကား​ပြောရင်း ကျန်ရစ်ပါတယ်။ အခုသူ​တောင် ထမင်းစားဖို့ ပြန်သွားပါပြီ။ ၁၂နာရီ​တောင် ကျော်ပြီကိုး။ ကျွန်မလည်း မတ်တပ်ရပ်​နေတာ ၁နာရီ​လောက် ရှိပါ​တော့မယ်။ ဗိုက်ကလည်း ဆာလိုက်တာ (ဘာမှ မစားရ​သေးတာကိုး) အခု ၁၂နာရီ ၄၇မိနစ်။ နောက် အ​ကြောင်းထူးရင် ထပ်​ရေးပါ့မယ်။ အခု​တော့ mangaဖတ်ပါရ​စေ။

၁၃:၁၉ ရှိပါပြီ။ ကျွန်မလည်း အိမ်ပြန်ပြီး ထမင်းစားပြီးလို့ ခုံလေး ၂ခုံယူလာလို့ အ​မေနဲ့အတူ ထိုင်​နေကြပါတယ်။ ကားနဲ့လာတဲ့သူ​တွေက​တော့ ကားတံခါး​လေးကို ဖွင့်လိုက် ပိတ်လိုက်၊ ကားထဲ ဝင်လိုက် ထွက်လိုက်နဲ့​ပေါ့။ 

၁၄:၁၆ပါ။ မျှော်ရသူကြီး ရောက်လို့လာပါပြီ။ မျှော်လင့်ချက်က အရောင်ကလေးနဲ့တဲ့။

ဇွန်လ ၁၀ရက် မနက် ၅နာရီ၃၅မိနစ်ပါ။ မနေ့က ဇာတ်ကြောင်းကို ပြန်ပြောပါ့မယ်။ တစ်ခုတော့သိထားပါ။ ဖြစ်ပြီးသားကို ပြန်ပြောတာဆိုတဲ့အတွက် မနေ့ကလို စိတ်လှုပ်ရှားမှုမျိုး ရှိမှာ မဟုတ်ပါဘူး။ (မရှိတာပဲ ကောင်းပါတယ် နို့မို့ရင် ကျွန်မ ဆွေ့ဆွေ့ခုန်နေမှာပါ)

အဲဒီတော့ 

နေ့

က

သူတို့ ပိုက်ဆံလာထည့်ပါတယ်။ အဲဒီမှာ ၁ကနေ ၁၀အထိ တန်းစီထားလို့ အော်နေတာကပဲ ၄၅မိနစ်လောက်ကြာပြီး ၃နာရီထိုးမှ တကယ်ထုတ်လို့ရပါတယ်။ အဲလို တအိအိနဲ့ ဆူညံဆူညံ ထုတ်ကြလိုက်တာ ၄နာရီထိုးဖို့ ၁၅မိနစ်အလိုမှာ အယောက် ၃၀ထုတ်ပြီးပါတယ်။ ကျွန်မက စာသင်ဖို့ အိမ်ခဏပြန်၊ အမေက ဆက်စောင့်နေတာပေါ့။ အစက အတန်းချိန်ကို ဖျက်မလို့တောင် လုပ်လိုက်ပါသေးတယ် (အမေက သင်သာသင် တစ်ခုခုဖြစ်ရင် ဖုန်းဆက်မယ်လို့ ပြောလို့ပါ။ အမလေး ကျေးဇူးတင်လိုက်တာ အမေရယ် ပြောပါ့မယ် ပြောပါ့မယ် ဘာလို့‌ကျေးဇူးတင်ရတဲ့အကြောင်းကို)

ပြန်လည်းသွားရော လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။ ဘာလို့လဲ မေးကြည့်တော့ စက်က ပျက်သွားလို့ လူတွေ ပြန်ကုန်တယ်တဲ့ နောက် ဆက်စောင့်တဲ့သူတွေ စမ်းကြည့်တော့ ပြန်ထွက်လာတယ်တဲ့ အဲဒီတော့ 🤷🏻 ဖုန်တက်နေတဲ့ မျှော်လင့်ချက်ကလေးကို တဖူးဖူးမှုတ်ပြီး အဝတ်ကလေးနဲ့ သုတ်လိုက်သလို အရောင်ကလေး ပြန်ထွက်လာသပေါ့။ အမေကတော့ ဘုရားရှိခိုးချိန်ရောက်ပြီမို့ ပြန်သွားပါပြီ။ ကျွန်မကတော့ manga ဖတ်ရင်း၊ ကျွန်မအရှေ့က (စောစောက စကားပြောနေတဲ့)အစ်မက ဂိမ်းဆော့ရင်း မတ်တပ်ရပ်နေကြပါတယ်။ စက်ရှေ့မှာတော့ လူတွေရန်ဖြစ်နေကြပါတယ်။ ကျွန်မတို့က ကျန်တဲ့သူတွေပဲ မျှပြီးထုတ်ကြဖို့ သဘောတူထားကြပါတယ်။ စောစောက ပြန်သွားပြီး အခုမှပြန်လာတဲ့သူတွေကတော့ နောက်မှာ တန်းစီဆိုပြီးတော့ပေါ့။ ဒါပေမဲ့ မရပါဘူး။ သူတို့ ဘယ်ကဘယ်လို သတင်းရလာလဲမသိ ပြန်ရောက်လာပြီး စက်ရှေ့မှာ နေရာလုနေပါတယ်။ 🙂🙂 (ဪ... ကားကလေးနဲ့ ဝီခနဲ ဝီခနဲ သွားနိုင်တဲ့သူတွေကတော့ ကောင်းလိုက်တာနော်)

၆နာရီခွဲလောက်ရောက်လာတဲ့အခါ... လူတွေလည်း ရန်ဖြစ်လို့ မောပါပြီ။ တစ်ချို့လူတွေလည်း ပြန်ကြပါပြီ။ ကျွန်မရှေ့က အစ်မကလည်း သူ့အမေကို စစ်ကူခေါ်လိုက်ပါတယ်။ နောက် စက်ရှေ့မှာ သူတို့ စမ်းကြည့်ကြပါတယ်။ မရပါဘူး။ သူတို့ ပြန်သွားကြပါတယ်။ ကျွန်မလည်း ငွေ ၅၀၀၀အထိ စမ်းကြည့်ပါတယ်။ ငွေမလုံလောက်ပါ ပြောနေပါတယ်။ သေချာပါပြီ။ စက်ထဲမှာ ငွေမရှိပါဘူး။ ကျွန်မ စလစ်ကလေးကို ဆေးလိပ်ကိုင်သလို လက်ဖျားမှာညှပ်လို့ ကားလမ်းကို (music video တွေထဲကလို) ကခုန်ပြီး ကူးလာပါတယ်။ 

ရူးသွားပြီလို့ မထင်ကြပါနဲ့ဦး။ ကျွန်မ အကောင်းကြီးပဲ ရှိပါသေးတယ်။ 

ညနေပြန်တန်းစီရင်း သိလိုက်ရတာက 

  • ပိုက်ဆံထုတ်တာမှာ ဒီနားမှာရှိတဲ့ ဘဏ်က ဝန်ထမ်တွေ လာစောင့်နေကြပါတယ်(သူတို့ စောင့်နေတာ ကျွန်မရောက်ကတည်းကပါ) အစကတော့ လူတွေ ကူညီပေးဖို့လို့ ထင်တာပေါ့ နောက်တော့ ဘယ်ဟုတ်မလဲ သူတို့က တစ်ယောက်ကို ၆သိန်းစီ ထုတ်သွားကြတယ်တဲ့ ထုတ်လည်းထုတ်ပြီးရော ဘိုင့် လုပ်ပြီး ထားပစ်ခဲ့ရောတဲ့ ကြည့်စမ်း 😶🙂!(တစ်ယောက်ကို ၆သိန်း၊ ၃ယောက်ဆိုတော့ ၁၈သိန်း။ အမလေး ရှင်တို့ လုပ်ရက်ကြတယ်နော် 😢😢)
  • ပြီးတော့ အစကတည်းက ငွေထည့်ဖို့ လာစောင့်နေတဲ့ ဘဏ်က ဦးလေး( တစ်ယောက်၆သိန်းထုတ်သွားတဲ့ ၃ယောက်ထဲက တစ်ယောက်)က လူ၈၀လောက်ပဲ ရမှာလို့‌ပြောတယ်တဲ့။ အဲဒါကို တန်းစီနေတဲ့သူတွေက ဟိုကို ဖုန်းဆက်မေး၊ ဒီကို ဖုန်းဆက်မေးနဲ့ သိန်း၅၀၀ထည့်မှာတဲ့ ၆၀၀ထည့်မှာတဲ့တွေ ပြောပြီး မျှော်လင့်ချက်တွေ ဖောင်းပွကုန်တာတဲ့။ လာထည့်တဲ့ ဝန်ထမ်းကို မေးတော့လည်း အင် အယ် လုပ်နေပြီး သေချာမပြောတဲ့အခါ မျှော်လင့်ချက် ပူဖောင်းကြီးဟာ ပိုလို့ ကြီးလာသပေါ့။ ကြီးလွန်းလို့ မတတ်နိုင်တဲ့အခါ ပေါက်ပြီး အထဲက ထွက်လာတဲ့ လေအရှိန်ကြောင့် ကျွန်မတို့လည်း လွင့်သွားတာပဲ။ (ဆိုလိုချင်တာ နားလည်လားတော့ မသိ 😅😅)
ကျွန်မလည်း အိမ်ရောက်တော့ မအလကို ထိုင်လို့ တဖုံ၊ ထလို့ တမျိုး၊ ထမင်းစားရင်းရော ပန်းကန်ဆေးရင်းရော ဆဲနေပါတယ်။ ဒီမနက် ဒီစာရေးတဲ့အချိန်မှာလည်း ပြန်တွေးကြည့်လေ အခဲမကျေဖြစ်ပြီး ဆဲနေပြန်ပါတယ်။ ကိုယ်က ပါးစပ် အမြုပ်ထွက်အောင်ပဲ ဆဲဆဲ အမောလွန်လို့ သေတဲ့ အထိပဲ ဆဲဆဲ သူက ဘာမှ ဖြစ်မှာမဟုတ်ဆိုတာ စဉ်းစားမိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲမိပါတယ်။ အဲလိုနဲ့ "လိမ်မာယဉ်ကျေး မကျင်အေး"ကလေးကျွန်မဟာ အဆဲဘုရင်မဘွဲ့ကို ရရှိသွားပါကြောင်း (ဖြောင်းဖြောင်းဖြောင်း - လက်ခုပ်သံ) ရေးရင်းနဲ့ ကျွန်မ ဘယ်လို အဆုံးသတ်ရမလဲ မသိတော့ပါဘူး။ 😅 

ကဲ... ဒါပါပဲရှင်။ ပြီးပါပြီ။

စာကြွင်း - မနက်၅နာရီက ထပြီး စာရေးတာ အခု ၇နာရီ ၁၀မိနစ်ရှိမှပဲ ပြီးပါတော့တယ်၊၊ ကြားထဲမှာ သီချင်းရွေးတာနဲ့ brendon urieကလေး ချစ်စရာကောင်းကြောင်း တွေးရတာနဲ့ ကွန်ပျူတာက စာရိုက်တဲ့ ကီးဘုတ်ကို သီချင်းတီးတဲ့ကီးဘုတ်လို ထိုင်ခေါက်နေတာနဲ့  လက်ကို လေမှာ မြှောက်ပြီးက‌နေတာနဲ့ အဲလို အဲလို လုပ်နေပါတယ်။ ကျွန်မ နားထောင်တဲ့ သီချင်းတွေကို သိချင်ရင်တော့... 👇👇

my playlist 

(နောက်တော့ ဘယ်လို embed လုပ်ရလဲ သင်ပါ့မယ်။ အခုတော့ အိပ်နေတဲ့ အဘွားလည်း ထလာပြီဆိုတော့ ကျွန်မလည်း သွားရတော့မှာ မို့လို့ပါ)

၂၅. ၆. ၂၁ update

ကျွန်မရဲ့ playlistက publicဖွင့်ထားမိတဲ့အတွက် embedလုပ်လို့ မရပါဘူး။ အဲဒါကြောင့် အပေါ်မှာ linkချိတ်ပေးလိုက်ပါတယ်။ အောက်မှာတော့ သူလေးရဲ့ ကို ထည့်ပေးလိုက်ပါတယ် 😁😁


Comments

  1. One of the iconic images during MAL's reign is that of the long lines of people in front of atms. Your blog article will be a part of Myanmar's vernacular history. Great job!

    ReplyDelete
  2. Hit it girl🔥

    ReplyDelete

Post a Comment