Featured post
- Get link
- X
- Other Apps
ရင်တွေ တလှပ်လှပ် ခုန်နေမယ်၊ မိုးချုန်းသလို တဒုန်းဒုန်း ဖြစ်နေမယ်၊ ခေါင်းကလည်း လျှပ်စီးလက်သလို ဖျက်ခနဲ ဖျက်ခနဲ ဖြစ်နေမယ်၊ တအား ပြုံးပျော်ချင်နေမယ် ... အဲဒါ အချစ်လား ...
မဟုတ်ပါဘူး။
သူများအတွက်တော့ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ မဟုတ်ပါဘူး။
အဲဒါ ကျွန်မ ကော်ဖီတစ်ခွက် သောက်ထားလို့ပါ။
ကျွန်မက ကော်ဖီကို တစ်ခွက်သောက်လို့ မရပါဘူး။ သောက်ရင် အပေါ်ကလို ကယောင်ကတန်းတွေ ဖြစ်တတ်ပါတယ်။ သောက်ချင်ရင် တစ်ခွက်ဖျော်ပြီး တစ်ခါသောက် တစ်ငုံလောက်နဲ့ ရေခဲသေတ္တာထဲ ထည့်ပြီး သောက်ပါတယ်။ နောက်တော့ အဲဒါ အလုပ်ရှုပ်တာကြောင့် တစ်ကြောင်း၊ အရသာကို သိပ်မကြိုက်တာက တစ်ကြောင်းကြောင့် မသောက်ဖြစ်တော့ပါဘူး။
တိမ်ပေါ်ရောက်သလို ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ ညင်ညင်သာသာကလေး ပြောပြလို့ မရနိုင်တဲ့ ခံစားမှုမျိုး ခံစားရမယ်၊ ခါတိုင်းနဲ့မတူ စကားတွေ သွက်နေမယ်၊ ရင်ထဲမှာ နွေးနေမယ်၊ မနက်ကို အပြုံးလေးနဲ့ နိုးထမယ်၊ ညဘက်ကို ကြည်နူးစွာနဲ့ အိပ်ရာဝင်မယ်... ဒါအချစ်လား ...
မဟုတ်ပါဘူး။
သူများအတွက်တော့ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ မဟုတ်ပါဘူး။
အဲဒါ ကျွန်မ လူသားမျိုးနွယ် ဆက်လက်တည်တံ့ရေးအတွက် အထူးတာဝန်တစ်ရပ် ထမ်းဆောင်ရတော့မှာမို့လို့ပါ။
၂၅. ၆. ၂၁
ကျွန်မ ဘာပြောချင်နေမှန်းတောင် မမှတ်မိတော့ပါဘူး။ အဲဒီတော့ ဒီအတိုင်း တန်းလန်းလေးပဲ ထားလိုက်ပါစို့။
Comments
Post a Comment