Featured post
- Get link
- X
- Other Apps
ဒီနေ့က မေလ ၃၁ရက်ပါ။ ဒါပေမဲ့ ကျွန်မက ဇွန်လ၁ရက်နေ့လို့ပဲ မှတ်နေပါတယ်။ ဟင်... မေလမှာ ရက်၃၀ပဲ ရှိတာ မဟုတ်ဘူးလားပေါ့။ 😅😅 ရက်၃၀မှာ စက်တင်ဘာ ဧပြီ ဇွန်နဲ့ နိုဝင်ဘာ ကဗျာကိုလည်း ရပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီလို မှားနေရသလဲ...
ကျွန်မ သူ့ကို သတိရနေတာ ဖြစ်နိုင်ပါတယ်။ ကျွန်မအချစ်ဆုံးသူငယ်ချင်းမွေးနေ့က ဇွန်၇ရက်နေ့မှာပါ။ သူ့ကို မွေးနေ့လက်ဆောင်ပေးဖို့ မစောင့်နိုင်တော့ဘူးလေ။
မေလတစ်လလုံး အေးအေးဆေးဆေး blogထိုင်ရေးနေဖို့ အချိန် မရှိခဲ့ပါဘူး။ အိမ်ကိစ္စတွေရော သူငယ်တန်း တပည့်တစ်ယောက် ထပ်ရလာတာရောကြောင့်ပါ။
သူငယ်တန်းကလေးအကြောင်းတော့ ကျွန်မ နောက်မှ သပ်သပ်ပြောပါ့မယ်။ ကျွန်မအခုပြောချင်တာက မေလမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာပါ။ အခုစဉ်းစားတော့ သိပ်တောင်မမှတ်မိချင်တော့ပါဘူး။ တော်တော်အလုပ်များပြီး ပင်ပန်းခဲ့တာပဲ သိပါတော့တယ်။ ဪ.. မေ့တော့မလို့ ...
မေလ၂၇ရက်မှာ ကျွန်မအမေရဲ့၅၂နှစ်ပြည့်မွေးနေ့ ရှိပါတယ်။ ဘုန်းကြီးကျောင်းကို လှူမလို့ ကျွန်မညီမလုပ်တဲ့ အီကလဲတွေ တော်တော်စားကောင်းပါတယ်။ အခုထိ ထပ်စားချင်နေတုန်းပါပဲ။
ပြီးတော့ ...
မေလ၂၉ရက်မှာ တစ်ယောက်ကို ကြိုက်တယ်လို့ သွားပြောလိုက်ပါတယ်။ အဲဒီကတည်းကစပြီး ကျွန်မလည်း လေတိုက်လို့ သစ်ရွက်လှုပ်တာကို လေနတ်သားနဲ့ သစ်ရွက်မင်းသမီးတို့ ဆုံစည်းကြတယ်လို့ တွေးနေမိတာပါပဲ..(ဆိုလိုတာကို နားလည်ရဲ့လားတော့ မသိ) အမှန်က ကျွန်မ သူ့ကို ကြိုက်တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သူ့မှာ အလုပ်ရှိတယ်၊ ဂစ်တာတစ်လက်လည်းရှိတယ် ဒါကြောင့် ကြိုက်ရင်ကောင်းမယ်ဆိုပြီး တွေးလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပြဿနာက ကျွန်မ သူ့ကို သွားပြောလိုက်တဲ့ အချိန်ကစပြီး အပျံသင်စ ငှက်မဒန်းကလေးလို ခုန်ဆွခုန််ဆွ ဖြစ်နေမိတာပါပဲ။ သူက ကျွန်မကို ဘယ်လိုထင်လေမလဲတော့မသိပါ။ တိုက်ရိုက်လည်း သွားမေးလို့မရတော့ ခက်ပါတယ်။ မေးတယ်ပဲဆိုဦး သူကရော အမှန်အတိုင်း ပြောပါ့မလား... အားနာသမှုနဲ့ ဟဲဟဲဆိုပြီးပဲ ပြောမှာပေါ့။ မဟုတ်ဘူးလား.. ကျွန်မလိုလူက ကျွန်မ တစ်ယောက်ပဲ ရှိတာလေ..။
ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်မခေါင်းထဲမှာ အတွေးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အစီအစဉ်တကျဖြစ်အောင် ဘယ်လိုစီရမလဲဆိုတာ မသိပါဘူး။ ဒါကြောင့် ကျွန်မစာတွေက အကြောင်းအရာ အမျိုးစုံကို ခုန်ကူးနေရင် ခွင့်လွှတ်ကြပါ။ ဒီနေ့တော့ အရင်နေ့တွေအစား စာတွေ အများကြီး ရေးဖြစ်မယ်လို့တော့ ထင်မိတာပဲ..။
အခု နေ့လယ်၁၂နာရီကျော်ပါပြီ။ ထမင်းစားလိုက်ပါဦးမယ်။ ပြီးရင် ပြန်လာပါ့မယ်။
Comments
Post a Comment