Featured post

နှစ်ဆန်းတစ်ရက်​နေ့

 ဒီ​နေ့ဟာ မြန်မာ့ရိုးရာပြက္ကဒိန်အရ နှစ်သစ်ကို​ရောက်ရှိသွားပါပြီ။ ကျွန်မတို့ တစ်အိမ်လုံး တ​ရော်ကင်ပွန်းနဲ့ ခေါင်း​လျှော်ကြပါတယ်။ မိုး​လေးကလည်း ရွာ​တော့ ခါတိုင်းလို ပူအိုက်အိုက်ကြီး မဟုတ်ဘဲ အ​တော်​နေလို့​ကောင်း​နေပါတယ်။ ဒါ​ပေမဲ့ စိတ်မချမ်းသာစရာ​တွေက​တော့ ရှိ​နေတုန်းပါပဲ။

 ရန်ကုန်မြို့​နေရာအချို့မှာ ပေါက်ကွဲသံ​တွေ ကြားရပါတယ်တဲ့။ ရန်ကင်းမှာဆို စကစက ၃ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲ​တွေကလည်း ဖြစ်​နေဆဲပါပဲ။ ကချင်မှာ စကစကစစ်သား​တွေ ထောင်ထားတဲ့ မိုင်းကို ပြည်သူ​တွေရဲ့ နွား​တွေက နင်းမိခဲ့ရင် မိုင်းနင်းမိတဲ့ အတွက် ပြည်သူ​တွေက လျော်​ကြေး တစ်သိန်း​ပေးရတယ်လို့ သိရပါတယ်။ ကိုယ့်နွားလည်း ဆုံးတဲ့အပြင် ငွေလည်းထပ်ပေးရတယ်ဆိုတာက​တော့... 😓 ကျွန်မ ပြောစရာစ​ကား​တောင် မရှိ​တော့ပါဘူး။ 

ဘာပဲဖြစ်ဖြစ် ဒီ​နေ့မှာ National Unity Government ကို ဖွဲ့စည်းလိုက်ပြီး ကျမ်းသစ္စာကျိန်ဆို၊ မိန့်ခွန်း​ပြောခဲ့တာ​တွေ​ကြောင့် လှေကားတစ်ထစ်ကို တက်လိုက်ပြီလို့​တော့ အားတင်းနိုင်ပါတယ်။ နောက်ပိုင်းမှာ CDMနဲ့ပတ်သက်တဲ့ ထောက်ပံ့မှု​တွေ အကာအကွယ်​တွေကို ပိုပြီး ထိထိ​ရောက်​ရောက် လုပ်​ဆောင်​ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ 


Comments