Featured post

Rituals

 လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တစ်ခုလို့ပြောရရင် ကျွန်မ တော်တော် စဥ်းစားရခက် နေပါတယ်။ ဘာလို့လဲဆို... အခု‌တလော ဘာကိုမှ စွဲစွဲမြဲမြဲ မလုပ်ဖြစ်တာကြောင့်ပါပဲ။ အရင်ကတည်းက လုပ်တာခဲ့တာဆိုလို့ အိပ်ရာထရင် ရေသောက်တတ်တာပဲ ရှိပါတယ်။


ဒါမှမဟုတ် တစ်ခုခု အရေးကြီးတာ လုပ်ခါနီးရင် အဆိုးဆုံးအခြေအ‌နေကို မြင်ပစ်လိုက်တာမျိုးလား။ 


ပထမတစ်ခုက ပျင်းစရာ ကောင်းတယ်။ အဲဒီ တော့ ဒုတိယတစ်ခုကို ပြောပါ့မယ်။ ကျွန်မမှာ အကျင့်တစ်ခုရှိတယ်။ အလုပ်တစ်ခုလုပ်ရင် အဲဒီ့အလုပ်ပြီးတဲ့အခါ... ဆိုတဲ့ scenario ကို လုံးဝ မမြင်ယောင်မိ အောင် သတိထားတယ်။ အယူသည်းတာလို့ပဲ ပြောမလား.. အစိုးရိမ်လွန်တယ်လို့ပဲ ပြောမလား.. ဘယ်လိုပြောပြော အဲလိုပျော်ရွှင်စရာ ကောင်းတဲ့ အဆုံးသတ်ကို မြင်ယောင်ပုံဖော်မိရင် အဲဒီ့ကိစ္စက မအောင်မြင်တော့ဘူးလို့ ယုံကြည်တယ်။ အဲဒါ‌ကြောင့် တစ်ခုခုလုပ်တိုင်း၊ မျှော်လင့်စရာကောင်းတဲ့ အခြေအနေကြုံလာတိုင်း ဒါဟာ တစ်နေ့ကျရင် ပျက်စီးသွားမယ်၊ အနာဂတ်ကို ကြိုမတွေးနဲ့၊ လက်ရှိကိုပဲ အာရုံစိုက်ဆိုပြီး တွေးမိနေပါ တော့တယ်။ ပိုဆိုးတဲ့အချိနေတွေမှာဆိုရင် တော့ ဘယ်လိုပျက်စီးသွားလို့ စိတ်ဆင်းရဲ နေရပုံတွေကိုပါ မြင်ယောင်မိပါတော့တယ်။







Comments