Featured post
- Get link
- X
- Other Apps
"အချိန်က မနက်၂နာရီ ၃၀ရှိပါပြီ။ ကျွန်မကတော့ အိမ်ရှေ့ခန်းက ကွန်ပျူတာရှေ့မှာ ပန်ကာကလေးဖွင့်လို့ အပေါ်က တီရှပ်၊ အောက်က အတွင်းခံဘောင်းဘီကလေးနဲ့ death note ထဲက Lလို ကုပ်ကုပ်ကလေး ထိုင်နေပါတယ်။"
အစကတော့ အဲလို ရေးမလို့ပါ။ အခုတော့ရေးလို့မရတော့ပါဘူး။ အချိန်က ၄နာရီဖြစ်သွားသလို ပန်ကာကိုလည်း ပိတ်လိုက်ပါပြီ(နှာချေနေလို့ပါ)။ ရာသီဥတုကလည်း တကယ်ပါပဲ... ပန်ကာပိတ်လိုက်တာနဲ့ ချက်ချင်းကို ပြန်ပူသွားပါတယ်။
ဪ.. မေလ၃၁ရက်နေ့က နေ့လယ်စာစားပြီး ပြန်လာမယ်လို့ ပြောခဲ့ပေမဲ့ ပြန်မလာခဲ့ပါဘူး။
သေချာ စဉ်းစားကြည့်ရင် ကျွန်မ စာကောင်းကောင်းရေးတဲ့နေ့တွေဟာ ဒီလို ညဘက်အစောကြီးအိပ်လို့ မနက်အစောကြီး နိုးနေတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ မနက်အစောကြီးနိုးနေတော့ အေးအေးဆေးဆေး စာရေးလို့ရ၊ သီချင်းနားထောင်လို့ရ၊ ကလို့ရ (အသံတော့ မထွက်ရဘူးပေါ့လေ 😅😅 အမေတို့ နိုးကုန်မှာပေါ့)စာလုပ်လို့ရ၊ အမလေး ကောင်းလိုက်တာ...
ညနေ၅နာရီက အင်တာနက် ပြတ်သွားပါသေးတယ်... ကျွန်မတော့ "အမြဲတမ်းပဲ ပြတ်လေတော့မလား" "သင်တန်းမတက်မိတာ နှမျောလိုက်တာ" "နောက်ရက်တွေ စာဘယ်လိုသင်ရမလဲ"တွေတွေးမိပြီး စိတ်တွေပူ၊ နောက်NUG အစိုးရသတင်းစာရှင်းလင်းပွဲရှိလို့ ဖြတ်ပစ်တာလို့လည်း သိရရော အင်တာနက် ပြန်ရတာနဲ့ facebookမှာ ဆဲတော့တာပဲ 😆😆
ဪ... ဒုက္ခ ဒုက္ခ။ (အတွေးတွေဟာ တစ်ခုမှလည်း အဆက်အစပ် မရှိပါလား)
Comments
Post a Comment