Featured post
- Get link
- X
- Other Apps
ဘာလိုလိုနဲ့ ဧပြီလတောင် ကုန်သွားပါပြီ။ ကျွန်မလည်း စာမရေးဖြစ်တာ တစ်ပတ်လောက်ရှိပါပြီ။ အရင်တစ်ပတ်ကပဲ ကျွန်မဦးလေးရောက်လာပါတယ်။ သူနဲ့အတူ ဧည့်သည်တွေလည်း ပါလာပါတယ်။ အဲဒါနဲ့ ကျွန်မတို့ အလုပ်များရတော့တာပေါ့။
သူပြန်သွားပြီးလို့မှ မကြာသေး... အိမ်မှာ အဲယားကွန်းတပ်မယ်ဆိုလို့ အသေးစားပြင်မယ်ဆိုပြီးစလိုက်တာ ဟိုနေရာက ပြို၊ ဒီနေရာက ပျက်မို့ အကြီးစားပြင်လိုက်ရတာ အခုထိ မပြီးသေးပါဘူး။ အိပ်စရာနေရာ မရှိတော့လောက်အောင်ကို ရှုပ်ပွနေတာကြောင့် အစ်မဝမ်းကွဲအိမ်မှာ လာအိပ်နေရပါတယ်။ တစ်နေ့လုံးလည်း ပစ္စည်းဝယ်ဖို့ တစ်မြို့လုံးပတ်ရတာ တော်တော်ညောင်းပါတယ်။ အိပ်ရမယ့်အိမ်ရောက်ပြန်တော့လည်း ၄နှစ်အရွယ် တူမကလေးနဲ့ ဆော့ပေးရလို့
တစ်ညောင်းပေါ် တစ်ညောင်းဆင့်
လေးဖင့်တဲ့ ငါ့ခန္ဓာ၊
အခွင့်ရယ်မသင့်လို့သာ
ဖြစ်ချင်သလိုသာ ဖြစ်ရမယ်ဆိုရင်ဖြင့်
ဝှစ် ဝှစ် ဝှစ်နဲ့
လှစ်ခနဲနေအောင်
ကြံဆောင်လိုက်မည်ပ
အို အမောင် ကိုဗျတ္တတို့ထက်
ဆယ်ဆမက တစ်ရာဆသာအောင်
အကျိုးတော်အောင်မယ့်
ဗျိုင်းဖြူ့တေးချင်း။
ဒီကဗျာကြည့်ရတာ မဆီမဆိုင်တာတွေကို ဖြတ်ညှပ်ကပ်ထားတာနဲ့ တူနေပါတယ်။ ကျွန်မလည်း မတတ်နိုင်ပါဘူး။ ခေါင်းထဲက မထွက်တော့ဘူးလေ... ထွက်လာရင်တော့ ပြန်ပြင်ပါ့မယ်။
Comments
Post a Comment